Part-(17)

122 8 0
                                    


တိတ်ဆိတ်နေသော အခန်းကျဉ်းလေး ၏ချောင်လေးထဲမှာ သူနံရံကိုမှီပြီး ထိုင်နေခဲ့သည်။
သည်နေရာကို သူဘယ်လိုရောက်လာခဲ့လဲ သူသိသည်။
ဘတွေဆက်ဖြစ်လာမလဲတော့ သူမသိ

အလင်းရောင်သဲ့သဲ့လေးသာရှိသော အခန်းလေးမို့ အသက်ရှူ၍ သိပ်မကောင်းနေတာတော့ အမှန်ပင်
သူ့ရဲ့ ငယ်ဟာ သည်လို အမှောင်ကမ္ဘာကြီးထဲမှာ အကြာကြီးနေခဲ့ ရသည်ကိုတွေးပြီး တစ်စက်စက်ရင်ဘတ်က နာကျင်လာရပြန်သည်။

ဒဏ်ရာကြီးကြီးရပြီးသည့်နောက် ငယ်နှင့်ပတ်သက်၍ ဘာလေးပဲ မြင်လိုက် မြင်လိုက် ဘာပဲလုပ်နေလုပ်နေ အကြောင်းအရာတွေဆက်စပ်မိလာတဲ့ အခါ နာကျင် မှုတွေသည် ယဉ်ပါးမသွားခဲ့

သည်အချိန် သူ့ကို အားလုံးစိတ်ပူနေကြလိမ့်မည်မှာ အမှန်ပင်
အချိန်တွေသည် မနည်းတော့ အပြင်ဘက်တွင် မှောင်ရိပ်တွေပင်သန်းနေခဲ့ လေပြီ
ငယ် လည်း သူ့ကို စိတ်ပူနေလိမ့်မည်ထင်သည်။
လက်မှ တုတ်နှောင် ထားသည့်ကြိုးမှာ အသားထဲသို့ အနည်းငယ်နစ်မြုတ်သည်အထိ တင်းတင်းကြပ်ကြပ် ချည်နှောင်ထားခြင်း ခံရလေသည်။

"ကျွီ!"

ဖွင့်လာ သည့်တံခါးသံနှင့်အတူ လူနှစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့ကြသည်။

ထိုနောက် လက်တွေကို တစ်ဖက်တစ်ချက် ကိုင်ဆွဲလိုက်ကြကာ သူ့ကို အခန်းပြင်သို့ အကြမ်းပတမ်း ဆွဲခေါ်ထုတ်လာလေသည်။
အထိအခိုက် သိပ်မခံနိုင်သူမို့ ထိမိခိုက်မိသည့် နေရာတွေက ပွန်းရှရာတွေ ဖြစ်ကုန် လိမ့်မည်

အခန်းတစ်ခုထဲ ရောက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ကို ဆည်းကြိုနေလေသည်။

ထိုလူက လှလှပပ လေးပြုံးပြလာကာ

"အံသြသွားလား Jimin"

နှင်းဆီလေး စိတ်ပျက်လက်ပျက် ဖြင့် ထိုလူ့ ရှေ့ကခုံတွင် ဝင်ထိုင်လိုက်ပြီး

"အံသြစရာ အကြောင်းတစ်ခုမှမရှိဘဲ
လိုရင်းသာ ပြော ဘာလိုချင်လဲဆိုတာသိပေမယ့် တိတိကျကျ ပဲ ငါသိချင်တယ် "

"မင်းကို ပြီးတော့ မင်းပိုင်ဆိုင်မှုတွေကို"

"ဟား...ဟား...ဟား Mr.Chen ခင်ဗျား အဲလောက်တုံးမယ်မှန်းမသိဘူး ဗျ"

အလႊာ (အလွှာ)(Completed)Where stories live. Discover now