Part-(4)uni

933 82 8
                                    


"Jeon လေး"

"ဟင်"

သည်အတွေးတွေ သည်ရပ်ဝန်းတွေနှင့် မြင်မြင်သမျှ အရာတွေသည် အချိတ်အဆက် မိမိဖြင့် ရုန်းထွက်ရန် ခက်လှသည့် ပိုက်ကွန် တစ်ခု အဖြစ် သူ့ကို ဖမ်းချုပ်ထား သလိုပင်

"ခေါ်နေတာ ကြာလှပေါ့ ပီဇာတွေတောင်ရနေပြီ စားလေ"

ပီဇာ ကိုကောက်စား လိုက်သည်။ ဆိုင်က နာမည် ကြီး ပါပဲ
သူကတော့ ဗိုက်ဝဖို့အရေးသာ ပါးစပ်ထဲ ထိုးသိပ် ထည့်နေရသည်။
အဆင်ပြေလွန်း နေတယ်ရယ်လို့မဟုတ်
ပီဇာ တွေနှင့် ဆက်စပ် နေသော အတိတ်ရပ်ဝန်းတွေသည် လှပခဲ့ သလောက် လက်ရှိတွင်တော့ ပြန်တွေးလိုက်တိုင်း ပိုပို နာ သွားရသည်။

".ဝယ်စရာ ရှိသေးလား"

"ဟိုလျှောက်ကြည့် ဒီလျှောက် ကြည့်ပေါ့
ကြိုက်ရင် ဝယ်လိုက်တယ်"

"အင်း"

"Jeon လေးက လျှောက်ကြည့် ချင်သေးလား"
မျက်ဝန်းဝိုင်း တွေကမော်ကြည့် လာကာ တိကျသော အဖြေတွေကိုတော့ပေးမလာ

ဖတ်တတ်တာပေါ့ သည်ကလေးအနားမှာ နေခဲ့ရတာ ငါးနှစ်နီးပါး ရှိခဲ့ပြီပဲ

အသက်ကမတိမ်းမယိမ်း
မထင်မှတ်ဘဲ ကောက်ရခဲ့သည့် ဝမ်းကွဲလေးကို Tae ချစ်ရပါသည်။

သူအကြီး သိပ်ဖြစ်ချင်ခဲ့ တာကိုး

သည်ကလေးက မျက်ဝန်းတွေ နှင့်သိပ်စကားပြောတတ်တာ

အတိတ်ဆိုးဆိုး၏ အမှတ်တရတွေကြောင့် စကားကို သိပ်မပြောတော့

"တစ်ယောက်တည်း သွားကြည့် ချင်တာလား
သွားချင်သွားလေ ပြန်တဲ့ အခါ ဖုန်းဆက်ပေါ့"

"အင်း"

တုံ့ပြန်စကားကို ထုံးစံအတိုင်း တစ်လုံးပဲပြောကာ နောက်လှည့်မကြည့်ဘဲ ထွက်သွား တော့သည်။

"အဲလိုပဲ ငါ့ညီက လူမှု ဆက်ဆံရေးကတော့ ရှယ်ပဲ"

စားသောက်ပြီးစီးသည်နှင့် Tae သည်လည်း အဝတ်အစားတန်းရှိရာအထပ်သို့ တက်လာခဲ့တော့သည်။

ဦးထုပ်လေး တစ်လုံးကို မြင်လိုက်ရသည်နှင့် အလွန်သဘောကျသွား ကာ ယူမည် အပြု သူ့ ထက်လျှင်မြန်စွာ ဆွဲယူ သွားသည့် လက်တွေကြောင့် မျက်မှောင် ကျုံ့သွားရသည်။

အလႊာ (အလွှာ)(Completed)Where stories live. Discover now