အပိုင်း 1

324 46 0
                                    

"hoseokရေထတော့ နေကထွက်လို့နင့်ဖင်ထဲတောင်ဝင်တော့မယ် နင်ကမထသေးဘူး"

အိပ်နေတာကိုလာနှိုးနေသောအမေရယ်ပါ အိပ်နေချိန်လာနှိုးလို့ကတော့jung hoseokတော့တင်းပီးလေညကဂိမ်းဆော့နေတာကြာသွားလို့ပါဆိုနေကာမှလာနှိုးနေသေးတယ်အစောကြီး

"ဟဲ့ ထလို့ပြောနေတာမကြားဘူးလားငါအခန်းထဲဝင်လာပြီးရေလာလောင်းချရမလားပြော"

"အား အမေကလည်းဘာတွေအော်နေတာလဲနားတွေကိုငြီးနေတာပဲ"

"အချိန်ကိုလည်းကြည့်အုံးဘယ်အချိန်ရှိနေပြီလည်း"

"အချိန်မေးတာများသားကိုနှိုးပြီးလာမေးနေသေးတယ်အမေဘာသာကြည့်ပါလား"

အဲ့လိုပြောတော့ကျွန်တော်နားရွက်ကိုလာဆွဲတယ်ကျွန်တော်ပြောတာဘာမှားလို့လဲ

"အမေနာတယ်လို့"

"ငါ့ကိုပြန်ပြောနေတာကိုနည်းသေးတယ်ဒါတောင်"

"စတာပါအမေရယ်ဟီး"

"သွားသွားမျက်နှာသွားသစ် ပြီးရင်မုန့်လာစားလုပ်ထားတယ်"

"ဟုတ်ကဲ့"

အမေနဲ့ပြောပြီးမျက်နှာသစ်ရေပါတခါတည်းချိုးလိုက်တယ်ကိုယ်ကအသန့်ကြိုက်သူမို့ အိပ်ယာထပြီးတိုင်းရေချိုးတက်တဲ့အကျင့်ရှိတယ်။ကျွန်တော်နာမည်ကတော့ဂျောင်ဟိုဆော့ ကျွန်တော်အဖေကSunshine Companyရဲ့ပိုင်ရှင်အမေကတော့အိမ်မှာကျွန်တော်တို့သားအဖနှစ်ယောက်ကပြုစုတာပေါ့။အဖေနဲ့အမေကကျွန်‌တော်ကိုအရမ်းချစ်ကြတာ ကျွန်တော်ဘယ်လောက်ဆိုးဆိုးအပြစ်မမြင်ဘူး ဒါကိုကျွန်တော်အလိုလိုက်ခံနေရတော့ရောင့်တက်နေသေးတာ ဒါကကျွန်တော်အကြောင်းတွေပေါ့ဗျာ။

"အမေ အဖေကောအလုပ်သွားပြီလား"

"အင် သွားပြီ အစည်းအဝေးရှိလို့တဲ့"

"ဒါနဲ့အမေ"

"ပြောလေ သား"

"သားဒီနေ့ထယ်ယောင်းတို့နဲ့အပြင်ခနသွားမလို့"

"အေအေ စောစောပြန်လာကြနော်"

"ဟုတ် သွားပြီနော်"

အိမ်ကနေကားလေးနဲ့ထွက်လာလိုက်တယ်ထယ်ယောင်းတို့ဆီ

"Hobaငါတို့ဒီမှာ"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now