အပိုင်း 22

180 39 2
                                    

"အဲ့တာဘာလုပ်နေကြတာလဲလို့ငါမေးနေတယ်လေ"

"ဟမ် appa"

"ဂျောင်ဟိုဆော့မင်းဒီကိုလာစမ်း"

ပြောရင်းappaကကိုကိုပေါင်ပေါ်ကနေကျွန်တော်ကိုလာဆွဲတယ်

"မင်းတို့ကဘာတွေလဲဟမ် ဟိုကောင်ဂျောင်ကုမင်းကကောငါသူငယ်ချင်းလုပ်နေပြီးငါသားနဲ့ရည်းစားဖြစ်နေတာလား"

"ငါတောင်းပန်ပါတယ်ကွာငါမင်းသားကိုတကယ်ချစ်တာပါငါတို့ချစ်ခြင်းကိုမခွဲပါနဲ့"

"ဒီမှာငါပြောလိုက်မယ်မင်းနဲ့ငါ့သားကိုသဘောမတူနိုင်ဘူးလိင်တူချင်းကြိုက်နေတာကိုငါကလက်ခံမယ်ထင်နေလားကွ နောက်ပြီးတခြားသူတွေလည်းလက်မခံဘူး ငါတို့အမျိုးမှာလည်းလိင်တူချင်းကြိုက်တဲ့သူမရှိဘူး"

"ဘယ်သူမှမရှိလည်းသားရှိတယ်‌appaသားကိုကိုနဲ့မခွဲနိုင်ဘူးကိုကို့ကိုပဲသားချစ်တယ် appaတို့တားသားဂရုမစိုက်ဘူး"

"ဘာ မင်းကငါ့ကိုပြန်အာခံနေတာလား"

"သားအာခံနေတာမဟုတ်ဘူးလိင်တူချင်းမချစ်ရဘူးလို့ကောဘယ်သူကအမိန့်ထုတ်ထားကြတာလဲတခြားနိုင်ငံတွေမှာလည်းလိင်တူချင်းကြိုက်နေတဲ့လူတွေမှတစ်ပုံကြီး အချစ်တစ်ခုမှာယောင်္ကျား၊မိန်းမခွဲပြီးချစ်ဖို့လိုသေးလို့လားappa"

"မင်းကငါ့ကိုပြန်ဆုံးမနေတာလားကွ"

"ကဲပြေပြေလည်‌လည်ထိုင်ပြီးစကားပြောကြတာပေါ့"

အမေဝင်ပြောလိုက်တော့အကုန်လုံးထနေရာကနေပြန်ထိုင်လိုက်ကြတယ်။appaတားလည်းကျွန်တော်ဂရုမစိုက်ဘူး။ကျွန်တော်ကိုကို့တစ်ယောက်တည်းကိုပဲချစ်တယ်အရင်တုန်းကလည်းဝေးခဲ့ပြီးပြီ အခုတော့မခွဲတော့ဘူး။

"ဟိုမင် ငါတကယ်တောင်းပန်ပါတယ်ငါဟိုဆော့ကိုမြတ်"နိုး"နဲ့ချစ်တာပါငါတို့ကိုလက်ခံပေးပါလား"

"လက်မခံပေးဘူးဆိုရင်ကော"

"မင်းခိုင်းတာငါအကုန်လုပ်ပေးပါ့မယ် ဒါမှမဟုတ်ငါမင်းရှေ့မှာဒူးထောက်ဆိုလည်းထောက်ပါ့မယ် ငါနဲ့အကောင်ပေါက်လေးကိုတော့မခွဲပါနဲ့ငါတောင်းဆိုတာပါ"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now