အပိုင်း 17

170 37 5
                                    

ဒီနေ့ကကျောင်းပြန်တက်မှာမလို့အစောကြီးထပြီးကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီကိုယ်ကအစထဲကကျောင်းမပြီးသေးဘူးလေနောက်ပြီးဆေးရုံတက်နေတာနဲ့ကျောင်းကနှစ်အောက်သွားပြန်တယ်။ထယ်ထယ်တို့ကလည်းကျွန်တော်ကျောင်းနားထားသလိုသူတို့လည်းနားထားတယ်တဲ့ဘယ်လိုကောင်တွေလည်းမသိဘူး။ကိုယ်ကျောင်းပြီးဖို့ကိုအရင်မလုပ်ဘူးကျွန်တော့်ကိုပါစောင့်ပြီးအတူတူပြန်တက်မယ်တဲ့။ဘာပဲဖြစ်ဖြစ်လေ‌အဖော်ပြန်ရတာပေါ့ဒီကောင်တွေက‌ကျွန်တော်အပေါ်အရမ်းချစ်ကြတာကျွန်တော်လည်းသူတို့ကိုချစ်ပါတယ်။

"မောနီး Omma appa"

"သားကျောင်းသွားတော့မလို့လား"

"ဟုတ်ကဲ့"

"Appaလိုက်ပို့ပေးရမလား"

"ရပါတယ်သားဘာသာ သားသွားလိုက်မယ်"

"ပြိုင်ကားတော့မစီးရတော့ဘူးနော်သားငယ်လေးommaစိတ်ပူတယ်"

"ဟုတ်ကဲ့ပါသားမစီးတော့ပါဘူးစက်ဘီးပဲစီးတော့မှာပါ"

"ထယ်ယောင်းနဲ့ယွန်ဂီကောမလာဘူးလား"

"သူတို့ကိုသားမလာခိုင်းတော့ဘူး"

"အေးကွယ် သားမနက်စာစားအုံးလေ"

"မစားတော့ဘူးသားကျောင်းရောက်မှစားတော့မယ်"

"ဟုတ်ပါပီကွယ်သားဂရုစိုက်သွားနော်"

"ဟုတ် appa ommaတာတာ့နော်"

"တာတာ့"

"ဂျီဝန်"

"ပြောလေအကို"

"သားကပြောင်းလဲသွားသလိုပဲအရမ်းလည်းလိမ္မာလာတယ်နော်"

"ဟုတ်တယ်နော်ဘာပဲဖြစ်ဖြစ်လေကောင်းတာပေါ့အကိုရယ်သားလေးပြောင်းလဲသွားတာ"

"‌ဟုတ်တယ် အကိုလည်းရုံးသွားတော့မယ်"

"ဟုတ်ကဲ့အကို"

ဒီနေ့ကျောင်းပြန်တက်ရလို့အရမ်းပျော်တယ်ဘာလို့လဲဆိုတော့ကျောင်းမတက်ရတာဘယ်လောက်ကြာပြီလဲ။ကျောင်းထဲကိုဝင်လိုက်တော့လေကိုဝဝရှူလိုက်တယ်

"ဝါး ငါတို့ကျောင်းကအရမ်းပြောင်းလဲသွားပါလား အရင်ကထပ်လည်းပိုလှလာတယ်သစ်ပင်တွေကစိုပြေနေကောအခုမှပဲလန်းဆန်းတော့တယ်"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now