အပိုင်း 10

196 38 9
                                    

မနက်နိုးလာတော့အပြင်မှာဆူညံနေကောလူတွေအားလုံးကလည်းအလုပ်တွေရှုပ်နေတာဘာဖြစ်နေတာလည်းမသိဘူးနောက်မှအကိုဆန်းဟိုကိုမေးကြည့်အုံးမယ်အခုတော့ရေမိုးချိုးအဝတ်အစားလဲလိုက်မယ်။ရေလည်းချိုးပြီးကေယအပြင်ထွက်ပြီးအကိုဆန်းဟိုကိုစရှာတော့တယ်။

"အကိုဆန်းဟို အကိုဆန်းဟို"

"ဒီကိုခနလာအုံးကျွန်တော်ဆီ"

"ဟိုဆော့လေးကျွန်တော်မျိုးကိုဘာခိုင်းစရာရှိလို့လဲ"

"အကိုတို့ဘာလုပ်နေကြတာလဲလူတွေအများကြီးဆူညံနေကော"

"ဒါလား"

"ဟုတ်"

"အိမ်ရှေ့စံဂျွန်နဲ့ဟိုဆော့လေးရဲ့စေ့စပ်ပွဲလေ"

"ဘယ်လို အကိုဘာပြောလိုက်တာလဲ"

"စေ့စပ်ပွဲလေ"

"စေ့စပ်ပွဲဟုတ်လား"

"ဟုတ်တယ်လေမင်းကြီးစီစဉ်ခိုင်းတာ"

"ကျွန်တော်ဦးရီးတော်ဆီခနသွားလိုက်အုံးမယ်"

"ကောင်းပါပီ"

ဦးရီးတော်ကိုသွားမေးရမယ်ဘာတွေစီစဉ်နေတာလဲလို့စေ့စပ်ပွဲဟုတ်လားငါဘာမှမသိရပါ့လား။အိမ်ရှေ့စံဂျွန်‌ကကောစေ့စပ်ပွဲကိုလက်ခံတယ်ပေါ့မဖြစ်နိုင်လိုက်တာရုတ်တရက်ကြီးဦးရီးတော်ဘာတွေစဉ်းစားနေတာလဲကွာ။လမ်းမှာဦးလေးဂီကိုတွေ့လို့မေးမလို့သူဆီသွားလိုက်တယ်

"ဦးလေးဂီ"

"ပြောလေဟိုဆော့"

"ဦးရီးတော်ကဘာတွေထစီစဉ်နေတာလည်း"

"ဟိုဆော့နဲ့အိမ်ရှေ့စံဂျွန်စေ့စပ်ပွဲလေ"

"ကျွန်တော်သိတယ်လေအိမ်ရှေ့စံမှကျွန်တော်နဲ့လက်ထပ်မယ်ဆိုတာလက်မခံဘူးမလားဒါကိုဘာလို့စေ့စပ်ပွဲကရုတ်တရက်လည်း"

"ဟုတ်တယ်ရုတ်တရက်ဖြစ်သွားတယ်မနေ့ကမင်းကြီးဦးလေးဂီကိုခေါ်တာအဲ့တာတိုင်ပင်တာ ဟိုဆော့နဲ့အိမ်ရှေ့စံနဲ့ကိုမြန်မြန်လက်ထပ်စေချင်နေပြီတဲ့အဲ့ဒါကြောင့်စေ့စပ်ပွဲကဒီနေ့ဖြစ်သွားတယ်"

"ကျွန်တော်လည်းဘာမှမသိရပါ့လား အိမ်ရှေ့စံဂျွန်ကကောလက်ခံတာလား ဦးလေးဂီ‌ကကောဘာလို့လက်ခံတာလဲဦးရီးတော်တိုင်ပင်တုန်းက ကျွန်တော်နဲ့အိမ်ရှေ့စံဂျွန်ရဲ့အခြေအနေဦးလေးဂီသိတယ်မလား"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now