အပိုင်း 13

193 37 4
                                    

"အိမ်ရှေ့စံကျွန်တော်လဲလိုက်ခဲ့မယ်လေ"

"မလိုက်ခဲ့ပါနဲ့ဟိုမှာအန္တရာယ်များတယ်"

"ကျွန်တော်မရောက်ဖူးဘူးလိုက်ချင်လို့ပါ"

"ဟိုဆော့ဒါအပျော်သွားနေတာမဟုတ်ဘူး အဲ့မှာသူပုန်တွေရှိတယ် အဲ့ရွာမှာကိုယ်တို့တိုင်းပြည်ကိုမှီခိုနေတဲ့သူတွေကိုလိုက်သတ်နေကြတာကိုယ်တို့သွားမကူရင်သူတို့ဒုက္ခရောက်မှာ"

"ကျွန်တော်လည်းလိုက်ကူချင်လို့ပေါ့"

"မလိုက်ရဘူး‌အကောင်ပေါက်လေးတစ်ခုခုဖြစ်သွားရင်ကိုယ်ပဲရင်ကျိုးရမှာ ပြီးရင်သူတို့ကကိုယ်တို့တိုင်းပြည်ကိုသူတို့အပိုင်ဖြစ်အောင်လုပ်ချင်နေကြတာ"

"ကိုကို ကျွန်တော်လည်းလိုက်ကူချင်လို့ပါပေးလိုက်ပါနော်"

အဲ့ကိုကိုဆိုတာသူတစ်ခုခုကိုလိုချင်ရင်ကျွန်တော်ကိုအမြဲခေါ်နေကြဘယ်နှယ့်ကိုကိုတဲ့ဘယ်ကနေအဲ့စကားတက်တာလဲမေးတော့ဂျောင်ဟိုဆော့တို့မတက်တာမရှိဘူးတဲ့။သူအဲ့လိုခေါ်တိုင်း‌ကိုယ့်မှာအရည်ပျော်ရပြန်တယ်။ဒီတခါတော့အလိုမလိုက်တော့ဘူးဟိုရွာကိုသွားမလို့ပူဆာနေတာအဲ့မှာကလူဆိုးတွေနဲ့အကောင်ပေါက်လေးကိုခေါ်သွားလို့တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ကိုယ့်သာတစ်ခုခုဖြစ်ရင်ဖြစ်သွားပါစေအကောင်ပေါက်လေးကိုဘာမှအဖြစ်မခံဘူး။

"လာမချွဲနဲ့ပေးမလိုက်ဘူး"

"ဟိုမင်းသမီးလီကောသွားမှာမလား"

"အင်သူတို့တိုင်းပြည်နဲ့ကိုယ်တို့တိုင်းပြည်ပေါင်းပြီးသွားမလို့"

"သူတောင်သွားတာပဲကျွန်တော်လည်းကိုကိုတို့ကိုလိုက်ကူချင်တာပေါ့"

"မင်းသမီးလီကအတိုက်အခိုက်ကျွမ်းတယ်"

"ဟာမသိဘူးကျွန်တော်လည်းလိုက်မယ်"

"ကိုယ့်စကားနားမထောင်ဘူးလား"

"မ‌နားထောင်ဘူးကိုကိုတို့နဲ့လိုက်ခဲ့မယ်"

"ဂျောင်ဟိုဆော့!"

အော်လိုက်တော့လန့်သွားတယ်ထင်တယ်ခန္ဓာကိုယ်ပါတုန်တက်သွားတယ်။

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now