ထယ်ထယ်တို့လာမယ်ဆိုလို့အိမ်အောက်ကဧည့်ခန်းမှာသူတို့ကိုစောင့်နေလိုက်တယ်။သူတို့နဲ့လည်းမတွေ့ရတာအတော်ကြာနေပြီလေအိမ်ရှေ့ကကားသံကြားတယ်သူတို့လာပြီထင်တယ်
"Hoba"
ကိုယ့်နာမည်ကိုခေါ်ရင်းပြေးဖက်လာသောထယ်ယောင်း
"မင်းသက်သာရဲ့လားအဆင်ကောပြေရဲ့လား ဘာမှမဖြစ်တာသေချာတယ်နော်ဒေါက်တာကကောဘာပြောသေးလဲ"
"ဖြေးဖြေးမေးပါဟ"
"စိတ်ပူလို့ပေါ့မင်းကလည်း"
"ငါဘာမှမဖြစ်တော့ဘူးဒေါက်တာကအားလုံးကောင်းတယ်လို့ပြောတယ် ငါကိုမာလေးဝင်ရုံပါဘာမှထွေးထွေးထူးထူးဖြစ်တာမဟုတ်ဘူး"
"မင်းကိုမာဖြစ်နေတာတစ်နှစ်ကျော်တောင်လေအဲ့ဒါကြောင့်စိတ်ပူတာပေါ့ နောက်ပြီးငါတောင်းပန်ပါတယ်နော်"
"ဘာအတွက်လဲ"
"ငါသာမင်းကိုအဲ့နေ့ကကားပြိုင်မို့မခေါ်ခဲ့ရင်မင်းလည်းအဲ့လိုဖြစ်မှာမဟုတ်ဘူးလေ"
"ရပါတယ်ကွာငါစိတ်မဆိုးပါဘူးငါလည်းဖြစ်ချင်တန်လို့ဖြစ်တာပေါ့"
"မင်းကိုမာဝင်နေတုန်းကအချိန်တွေဆိုငါကြောင့်ဖြစ်တာဆိုပြီးအမြဲတွေးခဲ့တယ်အဲ့ဒါကြောင့်လည်းမင်းဆီငါခနခနလာပြီးလာတောင်းပန်တယ်"
"ရပါတယ်ကွာမင်းအပြစ်မဟုတ်ဘူးငါလည်းအပြစ်မမြင်ဘူးမင်းကို"
"ကျေးဇူးပါပဲကွာ"
"နေပါအချင်းချင်းတွေပဲဟာ"
အဲ့နေ့ကသာကား Accidentမဖြစ်ခဲ့ရင်ကိုကိုနဲ့လည်းတွေ့ခဲ့မှာမဟုတ်ဘူး။ဒီလောကမှာကောကိုကိုပြန်မွေးဖွားသေးလားကျွန်တော်ကိုကို့ကိုအရမ်းတွေ့ချင်တယ်။တွေ့ခွင့်ကောရပါ့မလား
"သားထယ်ရောက်နေတာကြာပြီလား"
"သိပ်မကြာသေးပါဘူး"
"ဒါနဲ့ယွန်းဂီကော"
"သူလာခဲ့မယ်တဲ့ခနနေ"
ယွန်ဂီဟုတ်လားကျွန်တော်သူ့ကိုမတွေ့ချင်ဘူးဘာလို့လည်းဆိုတော့သူ့ကိုတွေ့ရင်ကိုကိုတို့ကိုသတိရမှာကြောက်လို့
YOU ARE READING
ချစ်သောအိမ်ရှေ့စံ
Romancehoseok pov : ဒါအိပ်မက်လား ငါဒီကိုဘယ်လိုရောက်နေတာလဲ😳 Started Date.....11.4.2023 Ending Date......21.7.2023