အပိုင်း 15

175 36 4
                                    

ကိုယ်တွေဘက်ကလူအင်အားနည်းနေတော့သူတို့ကိုမနိုင်ဘူးဖြစ်နေတယ်ကိုယ်တွေဘက်ကဒဏ်ရာရနေတဲ့သူတွေလည်းများနေပြီ။ခမည်းတော်ဆီစာ‌ပို့ပြီးလူလွှတ်ပေးဖို့ပြောထားတယ်။ကိုယ်တွေဘက်ကမှာလည်းလူအင်အားသိပ်မရှိတော့ဘူး

"အိမ်ရှေ့စံဘယ်လိုလုပ်ကြမလဲကျွန်တော်မျိုးတို့ဘက်ကလူအင်အားနည်းနေတယ်ဒီလိုပုံစံနဲ့ဆိုသူတို့ကိုနိုင်မှာမဟုတ်ဘူး"

"ကိုယ်တော်ခမည်းတော်ဆီစာပို့ထားတယ်လူလွှတ်ပေးလို့"

"ဒီအချိန်လာရင်ကောမှီပါ့မလား"

"မမှီလည်းကိုယ်တော်တို့ကံပဲပေါ့"

"အိမ်ရှေ့စံဂျွန်ဘာလို့အဲ့လိုပြောတာလဲကျွန်တော်တို့အားလုံးရင်ဆိုင်ရင်သူတို့အကုန်လုံးလည်းသေလောက်တယ်"

"ဟိုဆော့သူတို့အင်အားကိုကိုယ်တို့မနိုင်ဘူး"

"ဒါပေမယ့်"

"စိတ်မပူနဲ့နော်ဘာမှမဖြစ်ဘူးဟိုဆော့ရဲ့ကိုကိုကတော်တယ်လေ"

"ကျွန်တော်စိတ်ပူတယ်"

"ဘာမှမဖြစ်ဘူးနော်"

"ဟုတ်"

ဘယ်သူမှဘာမှမဖြစ်လို့မရဘူးလားဒါကအိပ်မက်ဖြစ်နေရင်ဘယ်လောက်ကောင်းမလဲဟိုလူတွေကလည်းသူများတိုင်းပြည်ကိုလိုချင်နေကြတာတော်"လေးယုတ်မာလှချည်လားလူတွေကိုလည်းဒုက္ခပေး လူတွေရဲ့အသက်ကိုလည်းယူစိတ်ပျက်စရာလူတွေ

"တူရီးတော်"

"ပြောလေဦးရီးတော်"

"တူရီးတော်အခုအခြေအနေကောဘယ်လိုလုပ်မယ်စဉ်းစားထားလဲ"

"ကျွန်တော်ခနစောင့်ကြည့်လိုက်အုံးမယ် ခမည်းတော်လွှတ်ပေးတဲ့လူတွေကြာနေရင် ကျွန်တော်တို့အပြင်ထွက်ပြီးတိုက်ရတာပေါ့"

"သူတို့တွေကအင်အားများတယ်နော်"

"ဒီထဲမှာနေနေရလည်းဘာမှမထူးဘူးဦးရီးတော် ကျွန်တော်တို့ကတော့လုံခြုံတဲ့နေရာမှာနေနေပြီးတော့ရွာသားတွေကအနှိပ်ဆက်ခံနေရ သတ်ဖြတ်ခံနေရဖြစ်နေကြတယ် ကျွန်တော်မတရားဘူးလို့ခံစားရတယ် အိမ်ရှေ့စံတစ်ယောက်အနေနဲ့ကိုယ့်တိုင်းပြည်ကိုမှီခိုနေရတဲ့သူတွေကိုလစ်လျူမရှိနိုင်ဘူးဦးရီးတော်"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now