အပိုင်း 3

219 43 1
                                    

"မင်းသားလေး"

"........."

"မင်းသားလေးဟိုဆော့"

"အင်"

"မင်းသားလေးနိုးပြီးလား မိုးလင်းနေပြီ"

"အားအမေကလည်းအိပ်နေတာကိုအစောကြီးရှိသေးတယ်မလားသားကိုဘာလို့လာနှိုးနေတာလဲ"

"မင်းသားလေးကျွန်တော်ပါအမေမဟုတ်ဘူး"

"ဘယ်သူလဲ"

"ကျွန်တော်ဂန်ဆန်းဟိုလေ"

"ဟမ်"

ဟုတ်သားပဲငါလွန်ခဲ့တဲ့နှစ်ပေါင်းသုံးရာကိုပြန်ရောက်နေတာပဲငါမေ့သွားတယ် ဒီလိုအချိန်ဆိုအမေ့ကိုလွမ်းလိုက်တာ

"အကိုဆန်းဟိုဝင်လာခဲ့လေ"

"မင်းသားလေးမျက်နှာကောသစ်ပြီးပြီလား"

"အကိုဆန်းဟို"

"ဟုတ်ပြောပါ"

"ကျွန်တော့်ကိုမင်းသားလေးလို့မခေါ်နဲ့လို့ပြောထားတယ်လေ ကျွန်တော်မကြိုက်ဘူးလို့"

"ကျွန်တော်မေ့သွားလို့ပါ"

"အင်း နောက်တခါမှတ်ထား"

"ဟုတ်မျက်နှာသစ်လိုက်ပါအုံး"

"ဟုတ် ကျွန်တော်ရေပါချိုးလိုက်မယ် အဝတ်ထုတ်ထားပေးပါနော်"

"ဟုတ်ကဲ့မင်းသား အော်ဟိုဆော့"

"ဒီလိုမှပေါ့"

အကိုဆန်းဟိုနဲ့ပြောပြီးရေမိုးချိုးလိုက်တယ်ဟိုမှာနေထဲကအသန့်ကြိုက်သူမို့ဒီမှာလည်းသန့်သန့်ရှင်းရှင်းပဲနေတယ်။နောက်မှအကိုဆန်းဟိုကိုဒီတိုင်းပြည်မှာနာမည်အကြီးဆုံးအလှဆုံးနေရာတွေလိုက်ပို့ခိုင်းရမယ်။ရေမိုးချိုးအဝတ်အစားလဲပြီးမနက်စာစားဖို့ထွက်လာခဲ့တယ်

"အကိုဆန်းဟိုမြန်မြန်လာလေကျွန်တော်ဗိုက်ဆာနေပြီ"

"အို ဟိုဆော့မင်းသားဆိုတာအဲ့လိုမပြေးရဘူးလေ နောက်ပြီးဟိုဆော့ကအိမ်ရှေ့စံနဲ့လက်ထပ်ရမယ်ဆိုတော့အဲ့လိုနေတာမကောင်းပါဘူး"

"ဒီမှာလည်းယောင်္ကျားချင်းယူကြတာပဲလား"

"ထင်တာပဲလေ"

ချစ်သောအိမ်ရှေ့စံWhere stories live. Discover now