[ 39 ]

2.7K 421 11
                                    

Unicode

အပိုင်း - ၃၉

Performance အဆုံးသတ်တွင် ပွဲတစ်ခုလုံး လက်ခုပ်သံဖွဖွထွက်ပေါ်လာကာ တချို့ပရိသတ်များဆိုလျှင် မျက်ရည်လည်နေပြီဖြစ်သည်။

ခေါ့ရှင်ဟန် ဘာကြောင့်ရောက်လာမှန်း၊ ဘာရည်ရွယ်ချက်ရှိမှန်းကို ဝမ်ကျားနင်၏ပရိသတ်များက မသိသော်လည်း သူ့သီချင်းနှင့်ကပြဖျော်ဖြေမှုတွင် စိတ်ရင်းမှန်ကို မြင်နေခဲ့ရသည်။ ဝမ်ကျားနင်ကို အမှန်တကယ် လွမ်းဆွတ်လို့သာ ယခုလို စိတ်နှစ်ပြီး ဖျော်ဖြေနိုင်ခဲ့သည်မဟုတ်လား။

ဝမ်ကျားနင်က ကိုယ်ညွတ်ကိုင်းလိုက်ကာ စကားတစ်ခွန်းမှမဆိုဘဲ အမြန်ထွက်သွားတော့သည်။

သို့ရာတွင် သူ့ performance ကို ဓာတ်ပုံရိုက်၊ အင်တာနက်ပေါ်တင်လိုက်သည့်လူများ ရှိလေရာ ခေါ့ရှင်ဟန်က ဝမ်ကျားနင်ကိုအောက်မေ့ဂုဏ်ပြုသည့်ပွဲတွင် ပေါ်လာပြီး ဖျော်ဖြေခဲ့သည်ဟူသောသတင်းက ပျံ့သွားလေပြီ။

နောက်တစ်နေ့ မနက်အစောကြီး ဝိန်ထင်းဟွမ်က ဝမ်ကျားနင်ဆီဖုန်းဆက်ပြီး ဘယ်လိုဖြစ်တာလဲဟု မေးသည်။

"ဘာမှမဟုတ်ဘူး"

အိပ်ရာပေါ်ထထိုင်ကာ အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်ရင်း ဝမ်ကျားနင် ဖြေလိုက်၏။

ဝိန်ထင်းဟွမ် : "အဲဒါ commercial event သက်သက်ဆိုတာ သိရဲ့လား၊ သူတို့က မင်းကို ဖိတ်ထားလို့လား၊ ဖျော်ဖြေခပေးလို့လား"

"အစ်မထင်း"

ဝမ်ကျားနင်က ရှင်းပြသည်။

"ကျွန်တော်ကိုယ်တိုင်က ဝမ်ကျားနင်အတွက် တစ်ခုခုအမှတ်တရလုပ်ပေးချင်လို့ပါ၊ သူ့ကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီနယ်ပယ်ထဲကို မဝင်လာခဲ့လောက်ဘူး"

ဝိန်ထင်းဟွမ်က သက်ပြင်းမျှင်းမျှင်းချပြီး အသံတိတ်သွားပြီးနောက် ပြောလိုက်၏။

"ငါ ဆရာကျန်းကို ကူပြောပေးပါ့မယ်၊ ဒါပေမယ့် နောက်ဆို ဒါမျိုးမလုပ်နဲ့တော့..အနည်းဆုံး ကုမ္ပဏီကို တိုင်ပင်ပေါ့၊ သူဌေးကို မလေးမစားလုပ်လို့ မကောင်းဘူးလေ"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now