[ 98 ]

1.7K 293 13
                                    

Unicode

အပိုင်း - ၉၈

ပြန်လည်ထူထောင်ရေးကျောင်းတည်ရှိရာ အဆောက်အဦးမှ ဓာတ်လှေကားမှတ်တမ်းကို ချန်းဇယ်ကျွင်းနှင့် ယဲ့ရှင်းတို့ အတူကြည့်ဖြစ်ကြသည်။

စီစီတီဗီမှတ်တမ်းတစ်ခုလုံး ပြီးအောင် ယဲ့ရှင်း ကြည့်ဖို့ရာ စိတ်မရှည်မှန်း သိတာမို့ ချန်းဇယ်ကျွင်းက ကြိုကြည့်ထားလိုက်ကာ အဲဒီနေ့ နေ့လယ်ပိုင်း ပြန်လည်ထူထောင်ရေးကျောင်းသို့ တက်သွားခဲ့သော ယောက်ျား ၃ ယောက်ကို သူ အာရုံထားနေမိသည်။

တကယ်တော့ ဒီလူ ၃ ယောက်က တရားခံဖြစ်နိုင်ခြေ မရှိမှန်း ချန်းဇယ်ကျွင်းလည်း သိပြီးသားပါ။ လူသတ်သမားသာဆိုရင် သူ့ကိုယ်သူ စီစီတီဗီမှတ်တမ်းမှာ အပေါ်ခံမှာမဟုတ်ဘဲ လှေကားလိုမျိုး ပို၍ လုံခြုံသည့်လမ်းကို ရွေးလိမ့်မည်။ သို့သော် ချန်းဇယ်ကျွင်းမှာ လောလောဆယ် ဒီနည်းကလွဲပြီး တခြားမရှိ။ သူ့လက်ထဲမှာရှိတာ ယဲ့ရှင်းတစ်ယောက်ပဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးကျောင်းမှ အခြားလူများမှာ သူ့အတွက် ဘာအထောက်အထားမှ မပေးနိုင်ချေ။

ဓာတ်လှေကားလူအဝင်အထွက်ကို ကြည့်နေရင်း အရင်ဆုံးလာသော ယောက်ျား ၂ ယောက်ကို မြင်ချိန်တွင် ယဲ့ရှင်းက ဘယ်လိုမှမနေသော်လည်း တတိယမြောက်လာသည့် အရပ်ရှည်ရှည် တုတ်တုတ်ခိုင်ခိုင်ယောက်ျားကို တွေ့သောအခါ မျက်လုံးပြူးသွားပြီး display ကို စိုက်ကြည့်နေတော့သည်။

ချန်းဇယ်ကျွင်း ယဲ့ရှင်း၏အမူအရာကို တောက်လျှောက်စိုက်ကြည့်နေတာမို့ ထိုနေရာတွင် ခဏရပ်လိုက်ကာ

“အဲ့လူလား”

ယဲ့ရှင်းက မဖြေ။

ချန်းဇယ်ကျွင်းက zoom ချဲ့လိုက်ပြီး ထပ်မေးသည်။

“အဲ့နေ့ နေ့လယ်တုန်းက စာသင်ခန်းထဲရောက်လာတာ ဒီလူလား”

ယဲ့ရှင်းက မဖြေသေး။

ချန်းဇယ်ကျွင်း စိတ်မရှည်တော့ပေ။ ယဲ့ရှင်း၏ခေါင်းကို အုပ်ကိုင်ကာ screen နှင့်နီးအောင် ဆွဲယူပြီး အော်မေးမိသည်။

“ဒီလူလား”

ယဲ့ရှင်းက ခိုက်ခိုက်တုန်သွားလျက် မျက်လုံးမှိတ်ချလိုက်၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now