[ 54 ]

2.9K 456 11
                                    

Unicode

အပိုင်း - ၅၄

'Springtime Dream'ဇာတ်ကားကို ဝမ်ကျားနင် သွားမကြည့်ဖြစ်ခဲ့သော်လည်း ထိုဇာတ်ကားထဲမှ သူ့သရုပ်ဆောင်ချက်များမှာ အတော်လေး ချီးမွမ်းခံခဲ့ရသည်။

ပထမဆုံး တုံ့ပြန်မှုပေးခဲ့သူတွေကတော့ ရုပ်ရှင်ရုံသွားပြီး ထိုဇာတ်ကားကို ကြည့်ခဲ့သည့် netizen များ ဖြစ်၏။ ထိုဇာတ်ကားကို သာမန်ပဲဟု လူတော်တော်များများ မှတ်ချက်ပေးကြသော်လည်း ခေါ့ရှင်ဟန်ကို ကြည့်လိုက်ရလို့ လက်မှတ်ဖိုးတန်သွားပြီဟုလည်း ပြောကြသည်။

ရုပ်ရှင်ဇာတ်လမ်းများနှင့်ဆိုင်သော နာမည်ကြီး website တစ်ခုက ထိုဇာတ်ကားကို review ရေးပေးပြီး ဝမ်ကျားနင်၏သရုပ်ဆောင်ပုံကို အကျအန ပြောပြထားသေး၏။

/ ဒီ movie က ချောင်စုန့်ချွမ်ရိုက်နေကျ စတိုင်လ်မျိုးပါပဲ၊ ဇာတ်လိုက်မင်းသမီးနဲ့ မင်းသားရဲ့ သရုပ်ဆောင်ပုံတွေကလည်း အတော် ကျေနပ်စရာကောင်းတယ်၊ အားလုံးထဲမှာ အံ့အားသင့်စရာအကောင်းဆုံးကတော့ ခေါ့ရှင်ဟန်ပဲ၊ သူသရုပ်ဆောင်တဲ့ဇာတ်ကောင်က လှပချောမောပြီး မိန်းမဆန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် ကျဉ်းထဲကြပ်ထဲအနေအထားမှာတောင် သူငယ်ချင်းကို အားပေးကူညီတဲ့သူမျိုး သရုပ်ဖော်နိုင်ခဲ့တာ တွေ့ရတယ် /

မိန်းမလျာတစ်ဦးသည်လည်း ဟန်များတာ၊ သာမန်မဟုတ်တာ မရှိဘဲ ဒီလိုမျိုး သဘာဝကျကျပုံစံ ဖြစ်နိုင်ကြောင်း ဝမ်ကျားနင်က ပုံဖော်နိုင်ခဲ့သည်။ သူ့စိတ်ကမူ မိန်းမသားဆန်နေမှန်း ပရိသတ်သိအောင် ပြသဖို့လည်း မမေ့ခဲ့ပါချေ။

တကယ်‌တော့ 'ဇာမဏီနွှယ်သော ဒဏ္ဍာရီ'ဇာတ်ကားမှာကတည်းက ခေါ့ရှင်ဟန်၏ သရုပ်ဆောင်စွမ်းရည်ကို စတင် တွေ့မြင်ရပြီ ဖြစ်သည်။ သို့ပေသည့် idol drama ၏ စတိုင်လ်နှင့် မြန်မြန်ဆန်ဆန်ရိုက်ကူးနှုန်းကြောင့် သရုပ်ဆောင်ကောင်း၊မကောင်းကို သတိမထားမိတော့ဘဲ တခြားကဏ္ဍများကိုသာ ပိုပြီး အာရုံစိုက်မိကြလိမ့်မည်။ အခု ပြန်ကြည့်တော့မှ ရှောင်ကျုံးယန်၏ ဘယ်လိုနေနေ ခပ်မိုက်မိုက်ဖြစ်နေသော ကာရိုက်တာမှာ ခေါ့ရှင်ဟန်၏ ပြီးပြည့်စုံသော ရုပ်ရည်တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ ဇာတ်ကောင်ကို အံ့ဩဖွယ်ကောင်းလောက်အောင် ရုပ်လုံးဖော်နိုင်ခဲ့တာကြောင့်လည်း ပါသည်။ ရှေ့လျှောက် ခေါ့ရှင်ဟန်က အလားအလာ အတော်ကောင်းသည်ဟု ဆိုကြ၏။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now