[ 55 ]

3.4K 464 33
                                    

Unicode

အပိုင်း - ၅၅

မိသားစုအုပ်လိုက် အပြင်မှာ မတ်တတ်ရပ်၊ စကားပြောနေလို့ မကောင်းသဖြင့် လုကျင်းလန်က ဆိုသည်။

“ အမေနဲ့ မရီး..အိမ်ထဲဝင်ပြီးမှ ဆက်ပြောကြတာ ကောင်းမယ် ”

ထိုစကားကို ကြားလျှင် ဝမ်ကျားနင်က အမြန်ပြောလိုက်၏။

“ ဒါဆို ကျွန်တော် ‌ပြန်လိုက်ပါဦးမယ် ”

အမျိုးသမီးကြီးလုက ဝမ်ကျားနင်ကို မပြန်စေချင်သေးဘဲ လက်ကို လှမ်းဆွဲထားပြီး

“ ရှင်ဟန်...အဲ့လို ခေါ်လို့ရမလား၊ မင်းက သားငယ်နဲ့ မိတ်‌ဆွေတွေလား ”

ဝမ်ကျားနင် ခေါင်းညိတ်လိုက်သည်။

“ ဟုတ်ကဲ့ မဒမ်လု ”

လုကျင်းလန်၏ အမေက သူ့ရင်ဘတ်သူ ပုတ်လိုက်ပြီး

“ ရှောင်းဟော့လို့ပဲ ခေါ်ပါ ”

လုကျင်းလန်က ကြားဝင်လာကာ ဝမ်ကျားနင်ကိုဆုပ်ကိုင်ထားဆဲဖြစ်သော အမေဖြစ်သူ၏ လက်အား ဆွဲခေါ်လိုက်ပြီးမှ

“ ရှောင်းဟော့...သူ့ကို အခက်တွေ့အောင် လုပ်မနေပါနဲ့ ”

ထို့နောက် ဝမ်ကျားနင်ကို ပြောသည်။

“ မင်း သူ့ကို အန်တီလို့ ခေါ်လို့ရတယ် ”

ဝမ်ကျားနင်က ဆိုလိုက်၏။

“ ဒါဆို အန်တီလု...ကျွန်တော် အနှောင့်အယှက်မပေး‌တော့ပါဘူး ”

“ အနှောင့်အယှက်မဖြစ်ပါဘူးကွယ်၊ ပြန်ဖို့ အလျင်မလိုပါနဲ့ဦး၊ လက်မှတ်လေး တောင်းချင်လို့၊ ယောင်းမရေ...Notebook ယူခဲ့ပါဦး! ”

ခမ်ဟွမ်းရှန့်က ဘာလုပ်ရမှန်းမသိတော့ဘဲ

“ အမေ..ဒီကို လာတော့ notebook ပါမလာဘူးလေ ”

လုကျင်းလန်က ချော့ပြောလိုက်သည်။

“ နောက်တစ်ခါကျရင် အမေ့အတွက် လက်မှတ်ထိုးပေးဖို့ ကျွန်တော် ရှင်ဟန်ကို ပြောပေးမယ်၊ ဟုတ်ပြီလား...သူလည်း လုပ်စရာရှိဦးမှာပဲ၊ အမေ သူ့ကို ဆွဲမထားနဲ့လေ ”

နောက်ဆုံးတော့ လုကျင်းလန်၏အမေက စိတ်လျှော့သွားသည်။ လုကျင်းလန်က မရီးဖြစ်သူကို ပြောပြီး အိမ်ထဲသို့ ကူတွဲခေါ်သွားခိုင်းသည့်တိုင် အမျိုးသမီးကြီးက ဝမ်ကျားနင်ကို လှည့်တကြည့်ကြည့်။ ရင်ဘတ်ကို လက်နှင့် အသာဖိထားပုံမှာ နှမြောတသဖြစ်နေသကဲ့သို့ အချစ်တွေ လေထဲ ပျံ့လွင့်နေသယောင် ထင်ရသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now