[ 99 ]

1.8K 272 11
                                    

Unicode

အပိုင်း - ၉၉

ခေါ့ရှင်းဖန်ဆီမှာ အထိုးခံလိုက်ရသဖြင့် ကျူးဇယ်ရှင်း အနောက်ဘက်ကို ခြေလှမ်း သုံးလေးလှမ်းလောက် ယိုင်သွားကာ နှာခေါင်းမှလည်း သွေးတွေ တတောက်တောက် ယိုကျလာ၏။ တုန်လှုပ်ချောက်ချားသွားလျက် နှာခေါင်းကို လက်တစ်ဖက်နှင့်အုပ်ထားပြီး ကျိန်ဆဲမိပြီ။

“What the fuck?”

အခန်းထဲမှလူတွေ ဝုန်းခနဲ မတ်တတ်ထရပ်လာကြသည်။

ခေါ့ရှင်းဖန်က နည်းနည်းမှ မကြောက်ပေ။ အခန်းထဲကို ဝင်လာရင်း တစ်ချိန်တည်းမှာပဲ ဘောင်းဘီအိတ်ကပ်ထဲမှ သေနတ်တစ်လက်ကို ဆတ်ခနဲ ဆွဲထုတ်ကာ ကျူးဇယ်ရှင်း၏ ခေါင်းတည့်တည့်သို့ ချိန်ရွယ်ထားလိုက်ပြီး ကြမ်းကြုတ်စွာ ဆိုသည် -

“ဒီ ခွေးမသားကတော့!”

ကျူးဇယ်ရှင်း ကျောက်ရုပ်လို ငြိမ်သက်သွားရ၏။ သူ ငှားထားသောလူတွေလည်း တိခနဲ အသံတိတ်သွားကြပြီ။ သူတို့က အခုမှ လူစုဖို့ပြင်ရုံရှိသေး၊ သေနတ်လည်း မြင်ရော နေရာမှာတင် ရပ်လျက်သား ဘာလုပ်ရမှန်း မသိတော့ပေ။

ခေါ့ရှင်းဖန်က တစ်ယောက်တည်း လာတာ မဟုတ်။ သူ ကျူးဇယ်ရှင်း၏ခေါင်းကို သေနတ်နှင့် ချိန်လိုက်သည့်အခိုက်၊ အပြင်ဘက်ကနေ လူ ၆ ယောက် ၇ ယောက်လောက် ဝင်လာခဲ့သည်။

ဝမ်ကျားနင်လည်း ဆိုဖာကနေ ထလိုက်တော့

ခေါ့ရှင်းဖန်က သူ့ကို မျက်ထောင့်ကပ်ကြည့်ပြီး စိတ်မရှည်သလို ဆိုသည်-

“ဒီမှာ မင်း လုပ်စရာ ဘာမှမရှိဘူး၊ အပြင်ထွက်နေ”

ဝမ်ကျားနင်က ခဏလောက် တုံ့ဆိုင်းသွားသော်လည်း ဘာမှမပြောတော့ဘဲ အိမ်အပြင်သို့ ထွက်သွားလိုက်၏။

ထိုစဉ် လူငယ်တစ်ဦးက အနောက်မှရောက်လာကာ ခေါ့ရှင်းဖန်ကို စာအိတ်တစ်အိတ်ကမ်းပေးသည်။

ခေါ့ရှင်းဖန်က ကျူးဇယ်ရှင်းကို စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် သေနတ်ပြန်ရုပ်လိုက်ကာ စာအိတ်ကို ဆွဲဖြဲပစ်လိုက်သည်။

ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကျသွားသော ဓာတ်ပုံများ။

ရုတ်ခြည်းပင် ကျူးဇယ်ရှင်းမျက်နှာက အေးစက်သွားခဲ့ပြီ။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now