[ 83 ]

1.8K 293 15
                                    

Unicode

အပိုင်း - ၈၃

လုကျင်းလန် ပြန်လာချိန်မှာ အတော်နောက်ကျနေပြီ။ ထိုသူ ပြန်လာသည်အထိ ဝမ်ကျားနင် ဧည့်ခန်းမှာ ထိုင်စောင့်နေပြီးမှ ရေမိုးချိုး၍ အိပ်ရာဝင်လိုက်သည်။

ခုတင်ခေါင်းရင်းကို နောက်မှီထိုင်နေရင်း လုကျင်းလန်က သူ့လက်ကို ဆွဲကိုင်လိုက်ပြီး

“ဘာဖြစ်လို့လဲ၊ မင်း စိတ်ညစ်နေတဲ့ပုံပဲ”

“မင်းအစ်ကိုကြီး ဘာပြောလဲ”

“သူ ဘာများ ပြောဦးမှာလဲ”

ထိုရလဒ်ကို ဝမ်ကျားနင် အစောကြီးကတည်းက သိပြီးသားပါ။

သို့နှင့် သူ ပြောလိုက်သည်။

“ညှိနှိုင်းခွင့်မရှိဘူးပဲ”

လုကျင်းလန်က သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ

“ဒီနေ့ ကိုယ့်အစ်ကိုကြီး ဘာပြောလဲ သိလား”

ဝမ်ကျားနင် ခေါင်းခါမိပြီးမှ ပြန်ပြောလိုက်သည် ;

“သူက ငါ့ကို အတင်းအကျပ်ရွေးချယ်ခိုင်းနေတာ၊ ငါ ဒီကိစ္စကို မသိချင်ယောင်ဆောင်ပြီး ဘေးဖယ်ထားရင် သူ ကျေနပ်မှာမဟုတ်ဘူး”

လုကျင်းလန်က ပြုံးသည်။

“မင်း သူ့အကြောင်း အတော်သိနေပြီပဲ”

“ဘာကြောင့်လဲဆိုတော့ သူ့နေရာကနေ ငါ ဝင်တွေးပေးနိုင်လို့လေ”

လုကျင်းလန်က သက်ပြင်းချလိုက်ပြီး

“သူ မင်းနေရာကနေ မတွေးပေးနိုင်တာတော့ စိတ်မကောင်းစရာပဲ”

ဝမ်ကျားနင် နှုတ်ဆိတ်သွားရပြီ။

လုကျင်းလန်က သူ့လည်တိုင်ကို လက်နှင့်အုပ်ကိုင်ကာ အသာဖျစ်ညှစ်လိုက်သည်။

ဝမ်ကျားနင် လုကျင်းလန်ကို ကြည့်လိုက်၏။

လုကျင်းလန် : “တအားလည်း မစိုးရိမ်ပါနဲ့၊ ကိုယ့်အစ်ကိုကြီးက အပြောဆိုးပေမယ့် နှလုံးသားတော့ နူးညံ့ပါတယ်၊ အ‌မေက ဒီအကြောင်းကို သိသွားပြီး အိမ်မှာ အစ်ကိုကြီးနဲ့ အတိုက်အခံလုပ်နေပြီ”

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now