[ 46 ]

2.7K 419 12
                                    

Unicode

အပိုင်း - ၄၆

ရိနန်နှင့်ဝမ်းလင်ရိုက်ကူးမည့်တီဗီဇာတ်လမ်းတွဲတွင် ဝမ်ကျားနင်ကို cameo role ပေးဖို့ နောက်ဆုံး၌ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ အရေးပါသောကာရိုက်တာဖြစ်ကာ ဇာတ်လမ်းအစမှအဆုံးထိ ချိတ်ဆက်ပေးမည့်ကြိုးမျှင်လို။

သူ ရိုက်ကူးရမည်မှာ ဇာတ်ဝင်ခန်းတစ်ခန်းတည်းသာ ဖြစ်သော်လည်း မိတ်ကပ်နှင့် styling အတွက် အချိန်အတော်ယူခဲ့ရ၏။ ထိုကာရိုက်တာက အကျော်ဇယျ ဓားသိုင်းသခင်ဖြစ်ပြီး သူကိုယ်တိုင်ပြုလုပ်ထားသောဓားတစ်လက်ကို ဇာတ်လိုက်မင်းသားက ရှာဖွေတွေ့ရှိသွားဟန်ဖြင့် ဇာတ်လမ်းစတင်ထားသည်။ ဇာတ်လိုက်က သူ့အား လိုက်လံရှာဖွေချိန်မှာတော့ အေးခဲနေသောရေကန်အောက် နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေခဲ့သောသူ့ကို တွေ့ရှိလေခြင်း။ ဝမ်ကျားနင်ရိုက်ကူးရမည့်ဇာတ်ဝင်ခန်းက မျက်ဝန်းများမှိတ်ကာ ရေထဲတွင် နစ်မြှုပ်နေပုံဖြစ်ပြီး ရှည်လျားနက်မှောင်သောဆံပင်နှင့် အဖြူရောင်ဝတ်ရုံရှည်က လွင့်မျောနေဟန်။

နောက်ခံ background ကိုမူ ကွန်ပျူတာနှင့် ဖန်တီးထားသည်။ ဝမ်ကျားနင် မိတ်ကပ်လိမ်းပြီးသည်နှင့် စတူဒီယိုထဲမှာပဲ ရိုက်ကူးရကာ နေ့တစ်ဝက်မျှသာ ကြာ၏။

ရိုက်ချက်က လှလွန်းသဖြင့် တီဗီဇာတ်လမ်းတွဲ၏အဖွင့်အနေနှင့် ရွေးချယ်ခံခဲ့ရသည်။ ယင်းကတော့ နောက်ပိုင်းကိစ္စပင်။

တစ်ဖက်မှာလည်း 'Springtime Dream'ကို ဆက်လက်ရိုက်ကူးနေသည်။ အခြေခံအားဖြင့် စတူဒီယိုထဲမှ ဇာတ်ဝင်ခန်းများအားလုံး ပြီးသွားပြီမို့ ကျန်တာတွေက site မှာ သွားရိုက်ရလိမ့်မည်။

မြို့ထဲ scene များအတွက် ချောင်စုန့်ချွမ်က ပင်လယ်ကမ်းခြေနားရှိ မြို့ကြီးတစ်မြို့ကို ရွေးချယ်လိုက်လေရာ ရိုက်ကူးရေးမှာ နှစ်ပတ်ခန့်ကြာလိမ့်မည်ဟု ခန့်မှန်းရသည်။

ဝိန်ထင်းဟွမ်က အတူလိုက်လာမှာဖြစ်ပြီး ဝမ်ကျားနင် လုကျင်းလန်ကိုမူ နှုတ်ဆက်ရပေမည်။

တကယ်တော့ လုကျင်းလန်၏ဘဝက သက်တောင့်သက်သာရှိလွန်းလှသည်။ အကြောင်းမှာ ထိုသူက public တွင် မကြာခဏ လူလုံးထွက်ပြစရာမလိုသောကြောင့်ပင်။ Script ကိုလည်း ထိုသူက တော်တော်လေး စိစစ်ပြီးမှ ရွေးချယ်သည်မို့ တစ်နှစ်ကို movie တစ်ကားလောက် ရိုက်ဖြစ်ဖို့တောင် မသေချာတော့။ ဤသို့ဖြင့် ထိုသူက အချိန်အများစုကို ကိုယ့်စိတ်ကြိုက်စီမံနိုင်နေသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now