You Are My Doll (part1)

760 25 0
                                    

အု၀ဲ...အု၀ဲ......အု၀ဲ....

လက်တစ်ဖက်ကကလေးကိုချီကာလမ်းမထက်တွင်ပြေးလာသောမိန်းမပျိုလေးတစ်ယောက်....ကလေးကိုချီထားပြီးကားတားနေသောသူမ မှာ မောပန်းနေတာကြောင့်ချွေးများအဆက်မပြတ်ထွက်နေလေသည်။ကားများမှာထိုမိန်းမပျိုလေးကားတားပေမယ့်တစ်စီးမှမရပ်ပေးကြပေ။...

''ဒီပုံစံအတိုင်းဆိုငါ့ကိုသူတို့တွေဖမ်းမိတော့မှာ''

''မဖြစ်ဘူးသူတိူ့သာငါ့ကိုဖမ်းမိရင်ငါစီစဥ်ထားတွေအကုန်ပျက်စီးလိမ့်မယ်...ဒီကလေးက ငါ့ရဲ့စီစဥ်မှုထဲကအရေးကြီးဆံုးသူဘဲ...''

''မဟာနတ်ထရာစံအိမ်နင်တို့တွေခံစားရဖို့အချိန်ကျပြီးနင်တို့သမီးငါ့ဆီမှာနင်တိူ့နာကျင်စွာခံစားပေတော့ဟားဟားဟား......''

အု၀ဲ....အု၀ဲ...အု၀ဲ....

************************************

၁၅နှစ်ခန့်ကြာသော်..........

''လော်ကေ့.....ဟဲ့လော်ကေ့....''

''ဗျာမမလေး...''

ဒေါက်!!

''အားနာတယ်ဗျ....''

''နင့်ကိုငါပြောထားတာလေငါ့ကိုမမလေးလိူ့မခေါ်နဲ့လိူ့...''

''တောင်းပန်ပါတယ်သ..သခင်မလေးနောက်ဆိုမခေါ်တော့ပါဘူး...''

''အေး...''

''သခင်မလေးဘာခိုင်းမလို့လဲဗျ...''

''ငါသရက်သီးစားချင်တယ်အဲဒါနင်တက်ခူးပေးရမယ်....''

''ဗျာသခင်မလေးကျွန်တော်မှအပင်မတက်တတ်တာ...''

''မရဘူးနင်ခူးပေးရမယ်အခုသွားပေးသွား...''

လော်ကေ့အားဂုတ်မှဆဲွကာသရက်ပင်ခြေရင်းကိုခေါ်လာခဲ့တော့သည်။..

လော်ကေ့လဲသခင်မလေးကိုကြောက်တာကြောင့်အပင်ပေါ်တက်ဖို့ပြင်လေသည်။..

''မြန်မြန်တက်ပါဟငါဒီမှာစားချင်လှပြီး....''

''မမပျိုဘာတွေဖြစ်နေတာလဲဟင်လော်ကေ့...
မမဘာလို့သူ့ကိုအပင်ပေါ်ပေးတက်ရတာလဲမတော်လိုပြုတ်ကျရင်ဘယ်နှယ့်လုပ်မလဲ...''

''အိုသူ့ဟာသူပြုတ်ကျပြုတ်ကျငါဂရုမစိုက်ဘူးအဓိကသရက်သီးစားရဖိူ့ဘဲ...''

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းDove le storie prendono vita. Scoprilo ora