You Are My Doll (part7)

271 25 0
                                    

အသံကြားရကိုလှည့်ကြည့်လိုက်ချိန်တံခါး၀တွင်ရပ်နေသောမဲမဲပုံရိပ်ကြောင့်အကုန်လုံးကြောက်ကာအပေါ်ထပ်သို့ပြေးတက်သွားလေသည်။...

''အားးးးး...သရဲ.....''

''ဟာဟေ့ဒါဘယ်ကိုလဲ ...ဟေ့ နေအုန်းလေ...''

နက္ခဆရာကြီးအော်ခေါ်နေပေမယ့်တစ်ယောက်မှလှည့်မကြည့်ကြပေ။

လော်ကေ့ကြောင်တောင်တောင်နဲ့ပြည်ပိုင်ဆဲွခေါ်ရာနောက်ကိုပါလာလေသည်။ပြည်ပိုင်မှာကြောက်အားလန့်အားဖြင့်ပြေးလာတာကြောင့်သူ့ကိုဆဲွခေါ်လာမှန်းမသိဆဲွခေါ်လာခဲ့မိသည်။လော်ကေ့သတိပြန်၀င်လာပြီးပြည်ပိုင်လက်ထဲမှသူ့လက်မောင်းကိုဆွဲဖြုတ်ကာပြောတော့သည်။..

''ကိုငယ်ဘာတွေဒီလောက်ကြောက်နေတာလဲ...''

''ဟာနင်မမြင်ဘူးလားအိမ်ရှေ့တံခါး၀မှာရပ်နေတာလေ...ပြည်ပိုင်ပြောနေပေမယ့်မျက်လုံးများမှာဂဏာမငြိမ်ဘဲတောင်ကြည့်လိုက်မြောက်ကြည့်လိုက်နှင့်ပင်....လော်ကေ့ကရယ်ကာ..''

''ကိုငယ်ကလဲကြောက်တတ်လိုက်ယောကျာ်းမဟုတ်တဲ့အတိုင်းဘဲ...''

''ယောကျာ်းလဲမကြောက်ရဘူးလို့ဘယ်သူပြောလဲ..''

''ဘာမှမရှိပါဘူးလာပါကိုငယ်ကျွန်တော်တို့အောက်ကိုဆင်းကြည့်ရအောင်..''

ပြည်ပိုင်အောက်ကိုဆင်းရမှာကြောက်တာကြောင့်ခေါင်းကိုပြုတ်သည်အထိခါပြနေတော့သည်။..လော်ကေ့စိတ်မရှည်တာကြောင့်

''မင်းမလိုက်ချင်နေငါတစ်ယောက်ထဲဘဲသွားမယ်....''

''ဟာအဲလိုမလုပ်နဲ့လေဟာငါတစ်ယောက်ထဲကြောက်တယ်ဟလိုက်မယ်ကွာ''

ပြည်ပိုင်လော်ကေ့လက်အားဖက်ကာနောက်မှကပ်ပြီးလိုက်လာတော့သည်။လော်ကေ့မှာငယ်ငယ်ကတည်းကအမေနဲ့နေလာတယ်ဆိုပေမယ့်တစ်ယောက်ထဲအပြင်မှာညဘက်အလုပ်လုပ်လာများတာကြောင့်အမှောင်ကိုမကြောက်ပေ။ပန်းမြိုင်စံအိမ်မှာတုန်းကဆိုညဘက်အလုပ်လုပ်ရတာများသည်။သခင်ကြီးရဲ့စံအိမ်နောက်မှာရော်ဘာပင်တွေရှိတာကြောင့်ည၂နာရီဆိုရော်ဘာခြစ်တဲ့အလုပ်ကိုလော်ကေ့တို့အလုပ်သမားတွေကလုပ်ရသည်။.....
ရော်ဘာခြစ်တဲ့အချိန်ဆိုအလုပ်သမားတွေကရောက်တတ်ရာရာပြောကြသရဲအကြောင်းပြောကြတာကိုလော်ကေ့စိတ်၀င်တစားနားထောင်လေ့ရှိသည်။သရဲဆိုတာမမြင်ဖူးပေမယ့်စိတ်တော့၀င်စားသည်ဒါကြောင့်ပြည်ပိုင်ပြောတဲ့မဲမဲပုံရိပ်ကိုမြင်ချင်လာသောကြောင့်အောက်ထပ်ကိုဆင်းလာခဲ့သည်မြင်ချင်စိတ်ကပြင်းထန်နေသောကြောင့်အောက်ကိုမြန်မြန်ဆင်းလာခဲ့သည်။ပြည်ပိုင်မှာကြောက်တာကြောင့်လော်ကေ့အားဆွဲကာ...

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now