You Are My Doll (part8)

268 22 0
                                    

ဆရာကြီးရဲ့အဖြေကိုကျွန်တော်တို့စောင့်နေတယ်ဆရာကြီးကျွန်တော့်သမီးငယ်နက္ခကဘယ်လိုမျိုးလဲဆရာကြီး.....

ဆရာကြီးမှာသူ့အရှေ့ကလူတွေသူပြောမှာကိုစိတ်အားထက်သန်စွားစောင့်စားနေကြလေသည်။ဆရာကြီးကသခင်ကြီးနတ်မင်းမြတ်ရဲ့မျက်လုံးကိုသေချာကြည့်ပြီးပြောလေသည်။

မင်းတို့ရဲ့သမီးငယ်မှာမဟာနတ်ထရာအတွက်အဖိုးတန်ရတနာဘဲ...ငါတွက်ကြည့်ထားတာသူကနောင်တချိန်မှာအရာအားလုံးရဲ့အရှင်သခင်ဖြစ်လာမယ်ဆိုတဲ့နက္ခကိုတွေ့တယ်..

ဘာနက္ခလဲဆရာကြီး...

ခုနှစ်စင်ကြယ်နက္ခဘဲ......ခုနှစ်စင်ကြယ်နက္ခနဲ့တိုက်ပြီးမွေးလာတဲ့ကလေးကအရာရာကိုပိုင်နိုင်ပြီးတော့အုပ်ချုပ်နိုင်တဲ့သခင်ဖြစ်လာမယ်...

ဆရာကြီးဒါဆိုကျွန်မတို့သမီးလေးကမဟာနတ်ထရာအတွက်အနာဂတ်အုပ်ချုပ်သူဖြစ်လာမှာပေါ့(သခင်ကြီးနေရာကိုဆက်ခံမယ့်သူ)

အင်း...မဟာနတ်ထရာရဲ့စည်းမျဥ်းတွေအရအုပ်ချုပ်သူတွေဟာယောကျာ်းတွေဘဲဖြစ်သင့်တယ်ဒါကြောင့်ငါ့ရဲ့နက္ခသင်ပုန်းနဲ့တွက်ကြည့်ပြီရထားတဲ့အဖြေနဲ့တိုက်ကြည့်တော့ကလေးအတွက်အကောင်းဆုံးအဖြေတစ်ခုကိုငါတွေ့ခဲ့တယ်..

ဘာတဲ့လဲ....

အမည်နာမနဲ့ပတ်သက်တဲ့အရာတစ်ခုသူ့နာမည်ကိုမိန်'ကလေးတစ်ယောက်ရဲ့နာမည်ကိုမပေးဘဲယောကျာ်းတစ်ယောက်နာမည်ကိုပေးလိုက်တာကသူ့အတွက်ကံဆိုးခြင်းဆိုတဲ့အရာကိုတားလိုက်တယ်ဆိုတဲ့သဘောဘဲ...

သမီးလေးနာမည်ကဘာတဲ့လဲဆရာကြီး...

နတ်မြတ်စစ်နန္ဒဒီနာမည်ဟာမဟာနတ်ထရာရဲ့သခင်ကြီးနေရာကိုဆက်ခံမယ့်သူအတွက်အသင့်တော့ဆုံးဘဲ....

နတ်မြတ်စစ်နန္ဒ..နာမည်ကအထက်စီးဆန်ပြီးအာဏာအပြည့်ပါတယ်ကျွန်တော်သဘောကျတယ်ဒါနဲ့သမီးလေးကိုကျွန်တော်ဘယ်တော့လောက်အာဏာလဲွပြောင်းပေးရမှာလဲဆရာကြီး......

ဆရာကြီးကအတန်ကြာစဥ်းစားပြီးမှကျောက်သင်ပုန်းကိုယူကာတွက်ချက်လေသည်အဖြေတစ်ခုကိုရတော့..

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now