You Are My Doll (part12)

283 21 0
                                    

ပန်း စားပွဲပေါ်ကစာရွက်ကိုငူငူကြီးစိုက်ကြည့်နေမိသည်။....

လော်ကေ့သူမအားမဲ့ပြုံးဖြင့်ကြည့်ကာ

မင်းအမေနဲ့ညီမလေးအတွက်ငါဆေးဖိုး၀ါးခပေးမယ်အဲဒီအတွက်မင်းငါ့ကိုတစ်ခုဘဲပြန်လုပ်ပေးရမယ်ငါပြောတဲ့အတိုင်းငါရဲ့တရားမ၀င်ဇနီးတစ်ယောက်ဘယ်လိုလဲမင်းလုပ်နိုင်လား....

ပန်းမျက်ရည်တွေကျနေမိသည်။သူမဘ၀ကဘာလို့နေ့ချင့်ညချင်းဆိုးရွားသွားခဲ့ရတာလဲ..
တခါမတွေ့ဖူးမသိဘူးမမြင်ဖူးတဲ့ယောကျာ်းတစ်ယောက်ရဲ့တရားမ၀င်ဇနီးတစ်ယောက်အဖြစ်နေပေးရမယ်ဆိုတော့ကိုယ့်ကိုကိုယ့်မုန်းမိတာအမှန်ဘဲ......အခုချိန်မှာနောက်ပြန်ဆုတ်လို့လဲမရတော့ဘူး...ပန်းအတွက်အလုပ်အပ်ချင်သူတောင်မရှိတာဒီအလုပ်တစ်ခုဘဲသူမမှာရွေးချယ်ခွင့်ရှိတော့သည်။

ကျမလက်ခံတယ်

အဲဆိုစာချုပ်မှာလက်မှတ်ထိုး..

သူမလက်မှတ်ထိုးပြီးတော့ထီရတ်ကစာချုပ်ကိုသူအားပြလေသည်။

မင်စာချုပ်မှာလက်မှတ်ထိုးထားတယ်ဆိုတော့မင်းကငါအပိုင်ဖြစ်သွားပြီးနော်အခုကစပြိးမင်းအိမ်မှာနေစရာမလိုတော့ဘူးငါနဲ့လိုက်ခဲ့ရမယ်.....

သူမဘာမှမပြော....

လော်ကေ့စိတ်တိုကာစားပွဲအားလက်ဖြင့်အားကုန်ရိုက်ချလိုက်သည်။..

ဘုန်းး!!!!

ငါပြောနေတာကြားရဲ့လားနင့်အကောင်အကြောင်းကိုနင်တွေးမနေနဲ့.....

ပန်းသူမရှေ့ကသူကြောင့်ကြောက်လန့်မိသည်။

ဟုတ်..ဟုတ်ကဲ့....

ထီရတ်ဒီညတော့ငါဒီမှာဘဲအိပ်လိုက်မယ်....မင်းကလုပ်စရာရှိရင်ပြန်လို့ရတယ်...

ဟုတ်ကဲ့boss

ပန်းခေတ်ပျို!!!!

ပန်းခေတ်ပျို!!!!ငါခေါ်နေတယ်မင်းဘာတွေးနေတာလဲဟမ်.....

ပန်းး.....

မင်းကိုမင်းသုံးနှုန်းရင်ငါ့ရှေ့မှာဆိုပျိုလို့သုံး..

ဟုတ်ကဲ့....

ငါ့ကိုစားစရာတခုခုပြင်ဆင်ပေးငါဗိုက်ဆာတယ်.....

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now