You Are My Doll (part11)

257 20 0
                                    

မောင်လေးခုနကအဒေါ်ကိုသိလို့လား....

သိတယ်သိတာထက်ကိုပိုတယ်....

ပြောရင်းလက်သီးဆုတ်ထားသောမောင်ဖြစ်သူကြောင့်နတ်သဇင်တွေးတောစရာတစ်ခုဖြစ်သွားလေသည်။...

မာမီစိတ်မပူပါနဲ့သမီးတို့နည်းလမ်းတစ်ခုရှာတွေ့မှာပါ.....

အမေဖြစ်သူအားနှစ်သိမ့်ပေးနေမိသည်။အခုချိန်မှာဒယ်ဒီသာရှိရင်မာမီအတွက်နှစ်သိမ့်ပေးမှာအမှန်ပင်....ပန်းတို့ဒယ်ဒီမှာရိုက်နှက်မှုဒဏ်ကြောင့်ဦးနှောက်ထဲသွေးယိုကာဆုံးပါးသွားခဲ့သည်။အကြွေးမပေးနိုင်၍အကြွေးရှင်များရဲ့ရိုက်နှက်မှုကိုခံရကာသေဆုံးသွားခဲ့ရသည်။အကိုဖြစ်သူမှာလဲဆေးမှုနဲ့ထောင်ကျသွားခဲ့တာကြောင့်မာမီမှာနှလုံးရောဂါရသွားေလသည်။...အခူပန်းတို့မှာကိုယ့်အားကိုကိုးပြီးမိသားစု၀မ်းစာအတွက်ရှာဖွေရန်အလုပ်ရှာသော်လည်းမရခဲ့ပေ။အခုတော့ညီမလေးဖြစ်သူဆေးရုံတင်ထားရတာကြောင့်အလုပ်တစ်ခုကိုမဖြစ်မနေရမှဖြစ်မည်။..

***********************************
hello ထီရတ်...

bossစုံစမ်'ခိုင်းထားတာသိရပါပြီး...

ပြော...

ပန်းမြိုင်မိသားစုကဘန်ကောက်မြို့မှာဘဲရှိတယ်ကွန်ဒိုတိုက်ခန်းငှားပြီးနေကြတယ်...အကြွေးတွေပတ်လည်၀ိုင်းနေတယ်လို့သတင်းကြားတယ်boss...

ပန်းခေတ်ပျိုကရောဘာအလုပ်လုပ်နေလဲ..

အခုထိအလုပ်မရသေးဘူးလို့ကြားထားတယ်boss.......

အေးမင်းဆက်ပြီးစောင့်ကြည့်ထား...

ဖုန်းကိုချလိုက်ပြီးပန်းခေတ်ပျိုမကြာခင်နင်ငါလက်အောက်ရောက်လာတော့မယ်...

ဆေးရုံတွင်

ညီမလေးသတိမရသေးတာတစ်ပတ်ပင်ရှိတော့မည်။အမေမှာလဲညီမလေးစိတ်ကြောင့်ဆေးရုံပေါ်တွင်ကုသမှုခံယူနေရသည်။အခုတော့ပန်းအတွက်အလုပ်တစ်ခုကိုအမြန်ရမှဖြစ်မည်။ဒါမှမာမီနဲ့ညီမလေးအတွက်ဆေးဖိုးကိုရမည်။အရင်တခါကငြင်းခဲ့ဖူးသောလူရဲ့ဖုန်းနံပါတ်ကိုနှိပ်ကာဆက်လိုက်သည်။..

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now