You Are My Doll (part13)

266 20 0
                                    

သား!!!

ဒေါ်ထရာရဲ့သတိပေးသံကြောင့်လော်ကေ့သတိ၀င်လာခဲ့လေသည်။

အရှေ့က ဦးနေခမ်တို့အားအပြုံးမမည်သောအပြုံးဖြင့်ပြန်ပြုံးပြလေသည်။.....

ကိုနတ်မင်းရဲ့သားလေးကတကယ့်လူချောလေးဘဲကျွန်တော်တော့သားမက်ချောချောရတော့မှာနဲ့တူတယ်ဗျ...ဟားဟား..

ဟုတ်တာပေါ့ဗျာကိုနေခမ်ရဲ့သမီးလေးကလဲတကယ့်အချောအလှလေးဘဲ.ဗျ...

ဟားဟား....

လော်ကေ့လူကြီးတွေပြောနေသောစကားများကိုသိပ်ပြီးဘ၀င်မကျပေ။ တခါမတွေ့ဖူးမမြင်ဖူးတဲ့မိန်းကလေးနဲ့သူ့ကိုလက်ထပ်ဖိူ့စီစဥ်တာဆိုတော့သဘောမကျပေ။အရှေ့ကမိန်းကလေးမှာလဲလော်ကေ့အားမျက်လုံးကျွတ်ထွက်မတတ်ကြည့်နေတာကြောင့်အနေရခက်လှသည်။...

ပန်းလက်ဖက်ဗန်းကိုသယ်ပြီးထွက်လာတော့အရှေ့ကမြင်ကွင်းကြောင့်စိတ်ထဲထင့်သွားရသည်။ထိုမိန်းကလေးအားပြုံးရယ်ပြကာစကားပြောနေသောသူကြောင့်ပင်....

(အို သူ့ဟာသူဘယ်သူနဲ့ဘာတွေဘဲလုပ်လုပ်နင်နဲ့ဆိုင်လို့လားပန်းခေတ်ပျို....နင့်စိတ်ကိုထိန်းစမ်း)

ပန်းစိတ်ကိုထိန်းလိူက်ပြီးဧည့်ခန်းထဲသို့၀င်လာလိုက်သည်။......

လော်ကေ့သူမလာမှန်းသိလို့တမင်တကာထိုကောင်မလေးကို၀င်ရောကာစကားပြောနေလေသည်။သူမကလဲမခေသူပါ လှည့်တောင်မကြည့်ခဲ့ပေ။..လော်ကေ့စိတ်တိုသွားကာသူမလာရာလမ်းမှခြေထောက်ခုလိုက်တာကြောင့်လက်ဖက်ရည်ဗန်းထဲမှလက်ဖက်ရည်များမှာသုမဂ်လာပေါ်သို့ဖိတ်စင်ကျကုန်လေသည်။

ခွမ်း....

အား..အမလေးပူလိုက်တာ.....တောက်!!ကျွန်မ နင်ဘယ်လိုလုပ်လိုက်တာလဲဟမ်...အဆင့်ကိုမရှိဘူး.....ဟဲ့အမှားလုပ်ပီးတောင်းပန်ရမယ်ဆိုတာနင်မသိဘူးလားကျွန်မ.....

ထိုလူ့ကိုကြည့်လိုက်တော့ပန်းအားတောင်းပန်လိုက်လေဆိုတဲ့သဘောနဲ့မေးဆပ်ပြလေသည်။ပန်းကိုသူသာခြေထိုးမခံခဲ့ရင်အခုလိုမျိုးဖြစ်စရာအကြောင်းမရှိဘူး....ကျမရှင့်ကိုအရမ်းမုန်းတယ်.....

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းTempat cerita menjadi hidup. Temukan sekarang