You Are My Doll(part14)

248 20 0
                                    

ကိုလတ်!!!.ညီလေးပြန်ရောက်လာပြီး..

ပြည်ပိုင်ရဲ့အော်သံကြောင့်စာဖတ်ခန်းထဲကနေနတ်မင်းမဟော်ထွက်လာခဲ့သည်။ဧည့်ခန်းရှိရာကိုလျှောက်လာတော့လော့်ကေ့ကမူးမူးနဲ့လျှောက်ပြောနေတာကြောင့်နတ်မင်းမဟော်စိတ်ကိုလျော့ကာဧည့်ခန်းထဲမှထွက်လာခဲ့တော့သည်။ပြည်ပိုင်ကတော့လော်ကေ့ကိုတွဲကာအပေါ်ထပ်ဆီသို့ခေါ်လာခဲ့သည်။

ဦးနတ်မင်းမြတ်သားဖြစ်သူရဲ့လုပ်ရပ်တွေကြောင့်စဥ်းစရာဖြစ်သွားလေသည်။လော့်ကေ့အရက်မသောက်တတ်တာသူသိသည်။အခုလိုထိမူးအောင်သောက်လာတာဘာကြောင့်လဲဆိုတာဦးနတ်မင်းမြတ်သိချင်သည်။...

ပြည်ပိုင်လော်ကေ့အခန်းကထွက်သွားပြီးမကြာခင်မှာပင် သုမဂ်လာလော်ကေ့အားသူမအခန်းရှိရာသို့ခေါ်ဆောင်လာခဲ့လေသည်။
လော်ကေ့ကိုယ်ကလေးတာကြောင့်မနည်းမယူရသည်။လော်ကေ့အခန်းနဲ့သူမအခန်းနီးတာကြောင့်သူမအတွက်အဆင်ပြေသွားသည်။ကုတင်ပေါ်သို့လော်ကေ့အားသူမပစ်ချပြီးပြောလေသည်။

ဟားဟား..နောက်ဆုံးတော့ကိုကိုက ငါ့အပိုင်ဖြစ်လာတော့မှာ......

လော်ကေ့ရဲ့အကျီကြယ်သီးတွေကိုတခုချင်းြဖုတ်နေလေသည်။..အ၀တ်အစားအားလုံးကိုလော်ကေ့ကိုယ်ပေါ်မှချွတ်ပြီးတော့သူမကိုယ်ပေါ်ကအ၀တ်များပါဆွဲချွတ်လိုက်လေသည်။လော်ကေ့နှုတ်ခမ်းအားနမ်းပြီးသူမ သူ့အားဖက်ကာအိပ်စက်လိုက်လေသည်။..

ဦးနတ်မင်းမြတ် ညတွင်းချင်းဆရာကြီးရဲ့အရေးတကြီးခေါ်မှုကြောင့်စစ်မြတ်ကိုခေါ်ကာထွက်လာခဲ့တော့သည်။...

နက္ခဆရာကြီးနေထိုင်တဲ့အိမ်ကြီးကိုရောက်သွားတော့ဆရာကြီးက ..

ရောက်လာကြပြီးလားး..

ဦးနတ်မင်းမြတ်ထိုင်တောင်မနိုင်ဘဲစိုးရိမ်စွာမေးလေသည်။
ဆရာကြီးအရေးကြီးတယ်ဆိုတာက...

ငါနက္ခတွက်ချက်ကြည့်တာမင်းတို့မိသားစုဆီကိုကံဆိုးခြင်တွေကျရောက်လာလိမ့်မယ်...

ဗျာ!!!!!ဒါဆိုအုပ်ချုပ်သူဆက်ခံဖို့ကရောဆရာကြီး...

ဆရာကြီးက အသက်ကြီးပြီးဖြစ်တာကြောင့်မျက်လုံးများမှာမှုန်၀ါးနေပေသည်။သူ၏ကျောက်သင်ပုန်းကိုယူကာသေချာအာရုံစိုက်ပြီးတွက်ချက်နေတာကြောင့်ဦးနတ်မင်းမြတ်ငြိမ်သက်စွာစောင့်နေလေသည်။ဆရာကြီးကသူ၏မျက်မှန်ကိုလက်ဖြင်ပင့်တင်ပြီးတွက်ချက်ထားမှုတွေကိုဆန်းစစ်နေမိသည်။ခနကြာတော့ကျောက်သင်ပုန်းအားစားပွဲပေါ်သို့ပြန်ချကာ...

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now