You Are My Doll (part6)

270 21 0
                                    

ပန်းခေတ်ပျိုတစ်ယောက်ရှေ့ကမြင်ကွင်းအားမမြင်ချင်တော့တာကြောင့်ထိုနေရာမှထွက်လာခဲ့တော့သည်။သူမမြင်တွေ့ခဲ့ရတာကလော်ကေ့အားပြည်ပိုင်ဆိုတဲဲ့သူကဖက်ကာကျောင်းထဲ၀င်သွားသောကြောင့်ပင်။...တကယ်တမ်းကျပျိုဆိုတာလော်ကေ့ကိုဟိုငယ်ငယ်လေးကတည်းကသံယောဇဥ်ရှိလာခဲ့တာပျိုအနိုင်ကျင့်နေတာကလဲသူပျို့ကိုအမြဲတစေမှတ်မိနေဖို့အတွက်လုပ်ခဲ့မိတာသူ့အပေါ်စိတ်ထိခိုက်စေမိခဲ့တဲ့ပျို့ရဲ့လုပ်ရပ်ကိုပျိုမုန်းတီးမိတယ်လော်ကေ့ရယ်အခုငါမဟုတ်တဲ့တခြားသူနဲ့နင်ပြံုးရယ်နိုင်ပီးပေါ့ငါကနင့်ကိုအနိုင်ကျင့်သလိုဖြစ်သွားခဲ့တာကိုး..

ပျိုစာသင်ခန်းထဲမှာထိုင်နေရင်းလော့်ကေ့၀င်လာတာကိုတွေ့တာကြောင့်ချက်ချင်းမတ်တပ်ရပ်ကာလော်ကေ့အနားကိုလျှောက်လာခဲ့သည်။လော်ကေ့မှာသူမအားမြင်သည်နှင့်မျက်နှာကိုတင်းကာအရှေ့ကိုဆက်သွားဖို့ပြင်တော့သူ့ရှေ့ကနေသူမပိတ်ရပ်ကာ

လော်ကေ့ငါနင်နဲ့စကားခနပြောချင်တယ်...

ငါ့မှာနင်နဲ့ပြောဖို့မရှိဘူးပန်းခေတ်ပျို.....

နတ်ပြည်ပိုင်နဲ့နင်နဲ့ကဘာတွေလဲဘာလိုကားတစ်စီးထဲအတူတူစီးလာရတာလဲ...

နင်မေးတာငါဘာလို့ဖြေရမလဲငါအရင်ကလိုနင့်အိမ်ကကျွန်မဟုတ်တော့ဘူးနင်ကိုငါ့ဖြေစရာမှမလိုတာငါ့ရှေ့ကဖယ်ပေးး...

မဖယ်ဘူးဆိုရင်နင်ကဘာလုပ်မှာလဲ...

ကျစ်လော်ကေ့စုပ်သပ်ကာအရှေ့မှာရှိနေသောသူမအားတွန်းထုတ်လိုက်လေသည်။

ဟယ်ပန်း နင်ဘာလုပ်တာလဲလော်ကေ့...

ကောင်မငါ့သူငယ်ချင်းကိုထိရဲတယ်ကဲဟယ်..

ပန်းခေတ်ပျိုသူငယ်ချင်းများမှာလော်ကေ့အား၀ိုင်းရိုက်ကြလေသည်။..အတန်းခေါင်းဆောင်တွေလဲဆရာမဆီကိုပြေးသွားကြလေသည်။မကြာခင်ဆရာဆရာမတွေရောက်လာပြီးရန်ပွဲကိုတားလေသည်။

ကျောင်းအုပ်ကအားလုံးရုံးခန်းလိုက်ခဲ့.....

ပန်းခေတ်ပျိုလဲလော်ကေ့အားကြည့်ပြီးအခန်းထဲမှထွက်သွားလေသည်။....

You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်းWhere stories live. Discover now