Chapter - 1

2.4K 156 22
                                    

Unicode

၂၁၉၅။ လောကတစ်ခွင်လှည့်လည်ရင်း

ကျန်းချန် အခန်းထဲဝင်လာသည်။ ကုတင်ပေါ်ရှိလူကိုမြင်သည့်အခါ သူက သူမကို အသာအယာတွန်းလိုက်၏။

"ဟေး၊ အိပ်ရာထပြီးမနက်စာလာစား။"

ကုတင်ပေါ်ရှိလူကား တုန့်ပြန်မှုမရှိချေ။ ကျန်းချန်က သူမကို ထပ်တွန်းကြည့်လိုက်ပြီးနောက် အသက်ရှူနေလားစမ်းသပ်ဖို့ လက်ဆန့်ကာ သူ့လက်ကို သူမနှာခေါင်းအောက်မှာထားလိုက်သည်။

ပြီးနောက် သူက သူမရဲ့သွေးကြောကိုစစ်ဆေးပြန်၏။

ကျန်းချန်တစ်ယောက် ထိတ်လန့်သွားကာ အချိန်အတော်ကြာသည်အထိငြိမ်သက်သွားတော့သည်။ နောက်ဆုံးမှာတော့ သူက အလောင်းကိုစောင်နဲ့ပတ်ကာ အုတ်ဂူဆီပြန်သယ်သွားသည်။

သူက အလောင်းကို အုတ်ဂူပေါ်တင်လိုက်ပြီး အခေါင်းအသစ်တစ်လုံးလုပ်သည်။ ထို့နောက်မှာတော့ သူက အလောင်းကို အခေါင်းထဲထည့်ကာ အုတ်ဂူကိုပိတ်လိုက်တော့၏။

အထက်ကကိစ္စတွေအားလုံးကိုလုပ်ပြီးသွားတဲ့အခါ ကျန်းချန်က "လောကတစ်ခွင်လှည့်လည်ရင်း ပြည်သူများအားကုသခြင်း"ဟူသည့်စာလုံးများရှိနေပြီဖြစ်သော အဝတ်နဖူးစည်းစာတန်းနှင့်အတူ ထွက်သွားတော့သည်။

အချိန်အတိုင်းအတာတစ်ခုရှိတိုင်း ကျန်းချန်က အုတ်ဂူရှိရာဆီပြန်လာကာ ခဏမျှနေတတ်သည်။ အခေါင်းထဲရှိခန္ဓာကိုယ်က ပုပ်သိုးမသွားဘဲ သူမရဲ့အမူအရာက အေးချမ်းနေလျက်သာရှိ၏။

အလောင်းကိုကြည့်ရှုပြီးနောက် ကျန်းချန်က လောတကြီးမှာဆက်လက်လှည့်လည်တတ်သည်။

ယခုအချိန်မှာတော့ ကျန်းချန်က ခမောက်ဆောင်းထားခြင်းမရှိတော့ဘဲ သူ့ရဲ့လှပတဲ့ရုပ်ရည်ကိုဖော်ပြထားသည်။ သူ့ရုပ်ရည်က ကုရွေ့နဲ့မတူပေ။ သူက လုံးဝကွဲပြားတဲ့စရိုက်မျိုးကိုပေးစွမ်းသည်။
...

နဉ်ရှု ကျင့်ကြံ၍ပြီးသွားခဲ့ချေပြီ။ system နယ်မြေထဲမှာ ဖတ်စရာစာအုပ်မရှိ၊ အပျင်းပြေဆော့ကစားစရာမရှိသည့်အပြင် သူမ ပုံရိပ်ယောင်နယ်မြေကိုပင် လမ်းသွားလျှောက်လို့မရပေ။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now