Chapter - 35

631 122 6
                                    

Unicode

၂၂၂၉။ တွေးစရာတွေအများကြီးပဲ

အူထဲမှာ ဘက်တီးရီးယားပိုးတွေ အများကြီးရှိသည်။ သူတို့သာ ပိုးကူးစက်ခံရရင် သူတို့ ပြန်မတိုက်နိုင်ဘဲ နေမကောင်းဖြစ်မည်ဖြစ်၏။

ဖြစ်ပျက်ခဲ့တာတွေကြောင့်လည်း ဘယ်သူမှ 'ကစား'ဖို့စိတ်မပါကြ။

စစ်နန်နဲ့ကျန်တဲ့လူတွေက ကောချိုးကိုဂရုစိုက်ပေးကြပေမယ့် ကောချိုးတစ်ယောက် ကျန်းမာရေးချူချာနေဆဲ။

အင်တာနက်မှာတော့ သတင်းတွေငြိမ်ကျမသွားသေးပေ။ စစ်နန်နဲ့စုချီက မဂ္ဂဇင်းတိုက်ကို ဒေဝါလီခံသွားရအောင်လုပ်ပြီး တခြားမီဒီယာသတင်းတိုက်တွေ အသံတိတ်သွားအောင်ခြောက်လှန့်လိုက်ပေမယ့် အင်တာနက်ပေါ်မှာတော့ သတင်းမျိုးစုံပြန့်နှံ့နေဆဲဖြစ်၏။

လူတွေက ကောချိုးရဲ့ပုံတွေကို မဖွယ်မရာexpression packမျိုးစုံအဖြစ်ပြုပြင်ကာ သူ့ကို တိုက်ခိုက်ကြသည်။

စစ်နန်၊ စုချီနဲ့ ကျီပေယဲ့တို့မှာ ဒေါသစိတ်တွေနဲ့မွှန်ထူလာကြ၏။

အတင်းအဖျင်းသတင်းတွေကြောင့် ‌စုချီနဲ့စစ်နန်မှာ သူတို့ကုမ္ပဏီတွေကိုပြန်သွားပြီး ဦးစီးကြရသည်။၏

အင်တာနက်ပေါ်ကမေးခွန်းတွေကိုတော့ သူတို့က အကုန်လုံးကို ကောလဟာလတွေလို့ပြောကာ ပယ်ချခြင်းဖြင့်တုန့်ပြန်သည်။

ဒီကောလဟာလတွေကိုသာဆက်ဖြန့်နေပါက သူတို့နဲ့တရားရုံးမှာရင်ဆိုင်ဖို့ ပြင်ဆင်ထားဟုဆိုသည်။

စုချီနဲ့စစ်နန်က အတော်လေးအပြင်းအထန် တုန့်ပြန်ကြသည်။

သို့သော်ငြား အင်တာနက်အသုံးပြုသူတွေက သူတို့ကို ဂရုမစိုက်အား။ လေးယောက်အိပ်တဲ့ကိစ္စက အရှိန်အဟုန်ပြင်းပြင်းဖြင့်သတင်းဆက်ပြန့်နေဆဲ။

ဒီအတွက်အဓိကအကြောင်းပြချက်ကတော့ ကျီပေယဲ့ရဲ့အနုပညာရှင်ဆိုတဲ့အဆင့်အတန်းကြောင့်ဖြစ်၏။ သူက လူသိများပြီး hot topicမှာ ပုံမှန်ပါတတ်သည်။ သူနဲ့အတူသတင်းမှာတွဲပါနေတာက ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုရဲ့ဘော့စ်နှစ်ယောက်နဲ့ ရုပ်ဆိုးဆိုးလက်ထောက်‌တစ်ယောက်ပင်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now