Chapter - 30

628 111 6
                                    

Unicode

၂၂၂၄။ ပို့စ်တင်တဲ့လူက တုပင်းဖြစ်နိုင်တယ်

စစ်နန်က အသက်ပြင်းပြင်းရှူသည်။

"အခုရန်ဖြစ်နေတာ အသုံးမဝင်ဘူး။ ပို့စ်တင်တဲ့လူကိုရှာဖို့က လောလောဆယ်မှာအရေးအကြီးဆုံးကိစ္စပဲ။"

စစ်နန်က သူ့မျက်လုံးတွေကို မသိမသာမှေးကျဉ်းကာ အသံကျယ်ကျယ်ဖြင့်ကောက်ချက်ချ၏။

"ပို့စ်တင်တဲ့လူက တုပင်းဖြစ်နေနိုင်လား?"

ကောချိုးကခေါင်းခါသည်။

"သူ မဖြစ်နိုင်ဘူး။ သူ ကျွန်တော်တို့ဆက်ဆံရေးအကြောင်း လုံးဝမသိဘူး။ ကျွန်တော် သူ့ကို တစ်ခါမှပြောမပြဖူးဘူး။"

"တုပင်းက မြို့ကနေလည်းထွက်သွားပြီလေ။ ဒီကိစ္စက သူနဲ့ပက်သတ်နိုင်ချေသိပ်မရှိဘူး။"

စုချီကပြောသည်။

"သံသယဝင်ချင်စရာမကောင်းဆုံးလူက တရားခံဖြစ်နိုင်ချေအများဆုံးပဲ။ မင်းနဲ့ကျီပေယဲ့က တုပင်းနဲ့တစ်ခါမှအဆက်အဆံမလုပ်ဖူးဘူး၊ ငါကတော့ လုပ်ဖူးတယ်။ သူလို့ ငါထင်တယ်။"

စစ်နန်က သူ့နှုတ်ခမ်းတွေကို လက်ချောင်းလေးတွေနဲ့ပွတ်သပ်လာသည်။

"မင်း သူနဲ့လမ်းခွဲလိုက်တည်းက သူ မင်းကို အဆက်အသွယ်မလုပ်ဘူးလား?"

စစ်နန်က ကောချိုးကိုမေးသည်။

ကောချိုးကခေါင်းခါသည်။

"သူက ဖုန်းနံပါတ်တောင်ပြောင်းလိုက်ပြီ။ သူ ကျွန်တော်နဲ့ ဘာအဆက်အသွယ်မှမလုပ်ချင်တော့ဘူးဆိုတဲ့သဘောပဲမဟုတ်ဘူးလား?"

"သူ့လိုလူထူးဆန်းတွေအပေါ် မင်းအချိန်တွေမဖြုန်းနဲ့။ အခုအရေးအကြီးဆုံးက ပို့စ်တင်တဲ့လူကိုရှာဖို့ပဲ။ ကျွမ်းကျင်တဲ့လူကိုရှာ၊ သူက အဲ့လူကို သေချာပေါက်ရှာနိုင်မှာပဲ။"

စုချီကပြောသည်။

"အခု သတင်းထောက်တွေက ဒီသတင်းနောက်ကိုလိုက်နေကြပြီ။ ငါတို့ဆက်ဆံရေးက အနှေးနဲ့အမြန်ပေါ်မှာပဲ။ ငါတို့ ဒီအတွက် ပြင်ဆင်ထားရမယ်။"

စုချီက ကျီပေယဲ့ကိုကြည့်လာသည်။

"ကိစ္စလေးတစ်ခုတောင် ကောင်းကောင်းမလုပ်နိုင်တဲ့အသုံးမကျတဲ့အမှိုက်ကောင်။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Hikayelerin yaşadığı yer. Şimdi keşfedin