Chapter - 38

617 116 2
                                    

Unicode

၂၂၃၂။ အင်တာနက်သုံးသူတွေမှာ သည်းမခံနိုင်တဲ့ကိစ္စဆိုတာ တကယ်မရှိကြဘူး

အဲ့လေးယောက် ရေအတူချိုးကြပြီးဆပ်ပြာအတူကောက်တမ်းကော ကစားကြတာလား?

နဉ်ရှု စုတ်သပ်လိုက်မိသည်။ ဒီအင်တာနက်သုံးသူတွေမှာ သည်းမခံနိုင်တဲ့ကိစ္စဆိုတာ တကယ်မရှိကြဘူးပဲ။

သို့သော်ငြား အနုပညာလောကသတင်းတွေက တိုင်ဖွန်းအုပ်စုနဲ့HZအုပ်စုတို့ ရုပ်ရှင်တစ်ခု အတူတူထုတ်လုပ်ကြမယ်ဆိုတဲ့သတင်းကိုရေးလာကြသည်ကိုလည်း နဉ်ရှု သတိထားလိုက်မိ၏။

သူတို့က ဒီရုပ်ရှင်ကိုဖန်တီးဖို့ ငွေတွေအများကြီးရင်းနှီးမြှုပ်နှံခဲ့ကြသည်။ သို့သော်ငြား ဒါရိုက်တာကတော့ ဘယ်သူမှမကြားဖူးတဲ့ ကျူးရှင်းဆိုသူဖြစ်၏။

သရုပ်ဆောင်မယ့်သူတွေကလည်း အနုပညာလောကမှာ နာမည်ကြီးတွေချည်းဖြစ်၏။ အထူးပြုလုပ်ချက်အကောင်းစားတွေသုံးမယ့် 3Dရုပ်ရှင်လည်းဖြစ်သည်။ ဒီရုပ်ရှင်ကို နှစ်သစ်ကူးမှာနာမည်ကြီးအောင်လုပ်ဖို့ရည်ရွယ်ထားတာသိသာနေသည်။

ရုပ်ရှင်ကို အကြီးအကျယ်ကြော်ငြာသည်။ ရုပ်ရှင်အကြောင်းသတင်းတွေက နေရာအနှံ့ပင်။ ရုပ်ရှင်မှာ ရိုက်ကူးရေးမစခင်တည်းကပင် နာမည်ကြီးနေပြီဖြစ်၏။

အင်တာနက်သုံးသူ‌တွေအတော်များများက ကျူးရှင်းဘယ်သူလဲဆိုတာသိချင်နေကြသည်။ သူ့ရုပ်နဲ့ဆို ဒါရိုက်တာလုပ်တာထက် သူကိုယ်တိုင်ပင်သရုပ်ဆောင်ဝင်လုပ်လို့ရနေသည်လေ။

ဒါ့အပြင် အင်တာနက်ပေါ်က ကျူးရှင်းရဲ့အချက်အလက်တွေအရ သူက အခုမှပြည်ပကပြန်ရောက်တာဖြစ်ပြီး ဒါက သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ဖြစ်၏။

ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင်နေရာမှာတော့ ကျီပေယဲ့သရုပ်ဆောင်သည်။  သတင်းထောက်တစ်ယောက်က မကောင်းတဲ့ဂုဏ်သတင်းနဲ့ကျီပေယဲ့ကို ဘာကြောင့် ‌အဒိကသရုပ်ဆောင်အဖြစ်ရွေးရတာလဲလို့ ကျူးရှင်းကိုမေးသည်။

ကျူးရှင်းက သူ ကျီပေယဲ့ရဲ့ဂုဏ်သတင်းကိုဂရုမစိုက်ဘဲ သူ့သရုပ်ဆောင်အရည်အချင်းကိုသာသဘောကျခဲ့ကြောင်းဆို၏။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now