Chapter - 34

623 112 2
                                    

Unicode

၂၂၂၈။ ငါတို့ ဒီကိစ္စကို သေချာစုံစမ်းရမယ်

"ဒီလိုတွေဖြစ်နေပြီဆိုမှတော့ ငါတို့လုပ်နိုင်တာက သတင်းတွေကိုတားပြီး ကုသမှုခံဖို့ပဲ။"

စစ်နန်ပ အေးစက်စွာဆိုသည်။

"ငါတို့ ဒီကိစ္စကို သေချာစုံစမ်းရမယ်။"

စုချီကခေါင်းခါသည်။

"ငါ စုံစမ်းလို့မဖြစ်ဘူး။ စုံစမ်းလိုက်တာနဲ့ သဲလွန်စတွေပေါ်လာတော့မှာ၊ ငါတို့ကုမ္ပဏီက ဒါရိုက်တာတွေက ကုမ္ပဏီစီမံခွင့်တွေရယူဖို့တွေးပြီး လောဘတက်နေတာ။ ငါတို့ ဒီရောဂါရနေတဲ့သတင်းသာပြန့်သွားရင် ငါတို့အတွက်ကောင်းမှာမဟုတ်ဘူး။"

"ကောချိုးက အဲ့လိုလူစားမျိုးမဟုတ်ဘူး၊ ပြီးတော့ အရင်က သူ့မှာ ကောင်မလေးရှိဖူးတယ်လေ။"

စုချီကပြောသည်။ သူ ကောချိုးထက် စစ်နန်ကိုပိုသံသယရှိတယ်။

ကောချိုးမှာသာ AIDSရှိရင် သူ့ကောင်မလေးလည်း အဲ့ရောဂါရမှာပေါ့။

"တုပင်း။"

စစ်နန်က တီးတိုးရေရွတ်သည်။ ပြီးနောက် သူကပြောသည်။

"ငါ လုပ်စရာရှိတယ်။ ဒီကကိစ္စကို ငါ မင်းဆီအပ်ခဲ့မယ်။"

"မင်း ဘယ်ကိုသွားမလို့လဲ?"

စုချီက စစ်နန်ကိုဆွဲထားသည်။

"မင်း ဘာလုပ်မလို့လဲ? အခု ငါတို့အားလုံးက တစ်လှေတည်းစီးနေကြတဲ့သူတွေနော်။"

"အမှန်အတိုင်းပြောရရင် ငါ မင်းကို မယုံဘူး။"

စစ်နန်က စုချီရဲ့လက်ကိုခါထုတ်သည်။

"ဒီကိစ္စက ရိုးရှင်းတယ်လို့ ငါမထင်ဘူး။ တုပင်းနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ ငါ့စိတ်ကသိနေတယ်၊ ငါ ဒီကိစ္စကို စုံစမ်းရမယ်။"

"ငါတို့ဆီ ဒီပိုးဘယ်လိုကူးစက်လာလဲဆိုတာ မရှင်းလင်းဘူး။"

စစ်နန်က နဖူးပေါ်ကချွေးစေးတွေကိုသုတ်ရင်း အေးစက်စွာဆိုသည်။

"တုပင်းက မြို့ကထွက်သွားပြီလေ။ ဒီလိုလုပ်တာ သူလို့ မင်းထင်နေတာလား?"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now