Chapter - 17

615 109 2
                                    

Unicode

၂၂၁၁။ ကိုယ်တို့ မင်းကို နှစ်သိမ့်ပေးမလို့

ကုတင်ဘေးမှာရပ်နေတဲ့ယောက်ျားသုံးယောက်ကိုမြင်တဲ့အခါ ကောချိုးရဲ့နှလုံးသားလေး တုန်ရင်သွားသည်။ ချောဆီဘူးကိုမြင်တဲ့အခါ သူ့ကိုယ်ကလည်း အားနည်းကာနုံးချိသွားသည်။

ကောချိုးက ခပ်မြန်မြန်ထရပ်ကာမေးသည်။

"ခင်ဗျားတို့ဘာလုပ်‌တာလဲ?"

"မင်း အသည်းကွဲနေတာမဟုတ်ဘူးလား? ကိုယ်တို့ မင်းကို နှစ်သိမ့်ပေးမလို့လေ။"

စစ်နန်က ခပ်ဖွဖွပြုံးကာဆိုသည်။

"မလိုပါဘူး။ ကျွန်တော့်ကို ခဏလောက် တစ်ယောက်တည်းပေးနေပါ၊ ခင်ဗျားတို့ အပြင်ထွက်။"

ကောချိုးက ရှက်ရွံ့စွာဖြင့် စိုးရိမ်တကြီးပြောသည်။

‌"ကျွန်တော် သိပ်ဝမ်းမနည်းပါဘူး၊ မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရလို့။ တကယ်ပါ၊ အပြင်ထွက်ကြပါဗျာ။"

"ကိုယ်တို့က မင်းကို နှစ်သိမ့်ပေးမလို့လာတာကို မင်းက ကျေးဇူးတောင်မတင်ဘူး။ ဒီလ မင်းလစာကို အကုန်နှုတ်ရလိမ့်မယ်။"

ကျီပေယဲ့က လေသံမာမာဖြင့်ဆိုသည်။

ဒီအချိန်မှာ ‌ကောချိုးတစ်ယောက် လမ်းခွဲလို့နာကျင်နေရမှုကို လုံးဝမေ့သွားပြီဖြစ်သည်။ ထိုအစား သူက ဒီလူတွေကိုသာ မြန်မြန်ထွက်သွားစေချင်နေတော့သည်။ သူတို့သုံးယောက်သာ အတူတူပေါင်းပြီးတစ်ခုခုလုပ်ချင်ရင် သူ တကယ်ခံနိုင်မှာမဟုတ်ဘူး။

စုချီက ဘာမှမပြောပေ။ သူက လက်ဆန့်ကာ ကောချိုးကို ကုတင်ပေါ်တွန်းလှဲလိုက်သည်။

"မင်း ဘာပြောနေတာလဲ? အသည်းကွဲရုံပဲမဟုတ်ဘူးလား?"

"မလုပ်နဲ့၊ မလုပ်နဲ့..."

ကောချိုးတစ်ယောက် လက်ယမ်းရင်း ယောက်ျားသုံးယောက် အဝတ်တွေချွတ်လိုက်ကြတာကို ကူရာမဲ့စွာကြည့်နေရ‌တော့သည်။ ပြီးနောက် သူတို့က သူ့အင်္ကျီတွေကိုဆွဲချွတ်ကြသည်။

သူ့ကိုယ်ရဲ့အစိတ်အပိုင်းတိုင်းက ကစားခံလိုက်ရသလိုပင်။ သူ့ကိုကျီစယ်တို့ထိနေကြတဲ့လက်သုံးစုံက ကောချိုးကို အင်မတန်ရှက်ရွံ့သွားစေကာ သူ့အသားအရောင်ကို ပန်းရောင်ပြောင်းသွားစေသည်။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now