Chapter - 15

603 114 3
                                    

Unicode

၂၂၀၉။ မင်းက ရုပ်ဝတ္ထုပစ္စည်းတွေအတွက် ငါတို့ရဲ့သံ‌ယောဇဉ်ကို စွန့်ပစ်လိုက်တယ်

ကောချိုးက နဉ်ရှုအတွက် မနက်စာမှာပေးပြီး နဉ်ရှုက ယဉ်ကျေးမနေဘဲစားလေ၏။

ကောချိုးက နဉ်ရှုကိုကြည့်သည်။

"တုပင်း၊ ငါတို့တွဲလာတာ နှစ်,နှစ်ရှိပြီ၊ ဒါတောင် မင်းက ရုပ်ဝတ္ထုပစ္စည်းတွေအတွက် ငါတို့ရဲ့သံယောဇဉ်ကို စွန့်ပစ်လိုက်တယ်။"

နဉ်ရှုက ဆန်ပြုတ်တစ်ငုံသောက်လိုက်၏။

"ငါက စစ်နန်ကောင်မလေးမဟုတ်ဘူးလို့ နင့်ကိုပြောသားပဲ။ သူနဲ့ငါ ဘာမှမဆိုင်ဘူး။"

"ငါလည်း မယုံချင်ပါဘူး၊ ဒါပေမယ့် ဒီပုံတွေက..."

ကောချိုးက နဉ်ရှုနဲ့စစ်နန်အတူရှိနေတုန်းမှာရိုက်ထားတဲ့ဓာတ်ပုံတစ်ထပ်ကြီးကိုထုတ်လိုက်သည်။ တစ်ချို့ဓာတ်ပုံတွေကို ကင်မရာရှုထောင့်ကြောင့် သူမတို့နှစ်ယောက် နမ်းနေသလိုပင်ထင်ရ၏။

ဖက်နေတဲ့ပုံတွေ၊ တရင်းတနှီးဖြစ်နေတဲ့ပုံတွေလည်းပါသည်။

နဉ်ရှုက ဓာတ်ပုံတွေကိုတစ်ချက်ကြည့်ကာ အရေးမစိုက်သလိုဆိုသည်။

"Photoshopလုပ်ထားတာ။"

"Photoshopလုပ်ထားတာ?"

ကောချိုးတစ်ယောက် နည်းနည်းဒေါသထွက်လာသည်။

"ဒါကရော၊ မင်း ဒါကို ဘယ်လိုရှင်းမလဲ?"

ကောချိုးက သူ့ဖုန်းကိုထုတ်ကာ တစ်ခုခုအပေါ်မှာ playကိုနှိပ်လိုက်သည်။ အသံဖမ်းထားတာပင်။

ဒါက နဉ်ရှုနဲ့စစ်နန်ကြားကစကားတွေပင်ဖြစ်၏။

အသံဖမ်းထားတာက အတော်လေးကြည်လင်သည်။

"ကောချိုးနဲ့လမ်းခွဲပြီး ကိုယ်နဲ့တွဲပါ။ အဲ့လိုဆို မင်း ပင်ပင်ပန်းပန်းလုပ်စရာမလိုတော့ဘူး။"

"ကိုယ် မင်းကို လစာကောင်းကောင်းရပြီးသက်သာတဲ့အလုပ်ပေးမယ်၊ ဒါဆို မင်း အရောင်းဝန်ထမ်းလုပ်စရာမလိုဘူး။"

"ကိုယ်က ရုပ်ချောပြီးချမ်းသာတယ်။ ကိုယ် မင်းကို မင်းလိုချင်တာမှန်သမျှပေးနိုင်တယ်။ မင်း ကိုယ့်ဘဏ်ကတ်ကိုသုံးပြီး လိုချင်တာအကုန်ဝယ်နိုင်တယ်။ မင်း ကိုယ့်ကောင်မလေးလုပ်ဖို့ပဲလိုတာ။"

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now