Chapter - 2

1K 157 43
                                    

Unicode

၂၁၉၆။ တခြားယောက်ျားတစ်ယောက်က သူမရဲ့ကောင်လေးကိုခိုးသွားပြီ

ကောချိုး : ...

တုပင်း : ...

‌တခြားယောက်ျားတစ်ယောက်က သူမရဲ့ကောင်လေးကိုခိုးသွားတယ်။

ဒါက အရှုပ်ထွေးဆုံးအပိုင်းတောင်မဟုတ်သေးဘူး။

အဲ့ကိစ္စဖြစ်ပြီးသွားတော့ ‌ကျီပေယဲ့က စက်ဆုပ်သွားသလိုဟန်ဆောင်တယ်။ ဒီလိုဆို ကောချိုးက ဒီကိစ္စဖြစ်တာကို အများကြီးတွေးမှာမဟုတ်တော့ဘူးလေ။

ဒါကြောင့် ကောချိုးက ဒီကိစ္စကို ခွေးကိုက်ခံရသလိုပဲသဘောထားလိုက်တော့တယ်။

ဒါပေမယ့် ကောချိုးက ဂရုမစိုက်ဘူးဆိုတာလည်းသိရော ကျီပိုင်ယဲ့ ဒေါသထွက်သွားတယ်။

ကျီပိုင်ယဲ့က ဘဝင်မြင့်လွန်းတော့ သူအလုပ်လုပ်တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကို မတော်တဆဆန့်ကျင်မိပါရော။

သူ့အလုပ်လေးမြဲဖို့၊ မဟုတ်လည်း ကျီပိုင်ယဲ့ကိုသနားလို့ထင့် ကောချိုးတစ်ယောက် ဥက္ကဌစုချီဆီသွားတောင်းပန်တယ်။

ဥက္ကဌကလည်းဂေးပဲ။ ပြီးတော့ သူလည်း ကောချိုးကို မဆီမဆိုင်စိတ်ဝင်စားသွားပြီး အိပ်ရာထဲဆွဲသွင်းလိုက်ပါလေရော။

ဒီလိုနဲ့ အခု ယောက်ျားနှစ်ယောက်က ကောချိုးကိုလုနေကြတယ်ဆိုပါတော့။

တုပင်း : ...

သူမရဲ့ကောင်လေးကို တခြားယောက်ျားနှစ်ယောက်က ခိုးသွားပြီ။

ဒါ ဘာမှမဟုတ်သေးဘူး၊ ပိုဆိုးတာရှိသေးတယ်။

ဥက္ကဌစုချီနဲ့ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ တခြားကုမ္ပဏီရဲ့သူဌေးစစ်နန်က ကောချိုးက စုချီအတွက် အတော်လေးထူးခြားတယ်ဆိုတာသိသွားတယ်။ ဒါနဲ့ပဲ သူက ကောချိုးကိုချဉ်းကပ်ပြီး သူ့(ကောချိုး)ကို အိပ်ရာထဲဆွဲသွင်းလိုက်တယ်။

တုပင်း : ...

သူမရဲ့ကောင်လေးကို တခြားယောက်ျားသုံးယောက်က ခိုးသွားပြီ။

သူမရဲ့ကောင်လေးနဲ့ဒီယောက်ျားသုံးယောက်ရဲ့ဆက်စပ်နေမှုကို တုပင်းတစ်ယောက်မသိရှာဘူး။

BOYFRIEND IS BENT! (REALM - 35) [Myanmar Translation]Where stories live. Discover now