[𝖿𝖺𝗅𝗅 𝗂𝗇 𝗅𝗈𝗏𝖾 𝗐𝗂𝗍𝗁 𝗁𝗂𝗆] - 1

3.2K 228 36
                                    

"သတင်းထူး!! သတင်းထူး!!"

အအေးဗန်းကြီးကိုင်ကာ ပြေးလာသော ဟိုဆော့ကြောင့် သူတို့နေရာဖယ်ပေးလိုက်ရသည်။ သတင်းထူးလို့ပြောပြီး သူ့အအေးသူငုံ့သောက်နေတာမို့ ဆော့ဂျင်တို့အုပ်စုမှာ သူ့အပြောကိုစောင့်နေရသည်။

"ဘာသတင်းထူးတာလဲ"

ပတ်ခ်ဂျီမင်းက စပ်စုသည်။

"မင်းတို့ တန်းခွဲ(F) က ဂျွန်ဂျောင်ကုကိုသိတယ်မလား ကင်မ်ထယ်ယောင်းတို့နဲ့တစ်ဖွဲ့ထဲလေ"

သူတို့ခေါင်းညိမ့်ပြတော့ ဟိုဆော့ က စကားစပ်သည်။

"ငါတို့ ဆော့ဂျင်ကို ကြိုက်လို့တဲ့"

"ဘာ!!"

ပတ်ခ်ဂျီမင်းရဲ့ အော်သံပေမဲ့ ဆော့ဂျင်က တိတ်ဆိတ်နေသည်။ ဆော့ဂျင် သူတို့ကိုအဖက်မလုပ်တော့ပဲ စားလက်စဘာဂါကိုသာအာရုံစိုက်တော့

"တကယ်ပြောတာ အအေးသွားယူရင်းကြားခဲ့တာ ကင်မ်ထယ်ယောင်းကိုယ်တိုင်စနေတာ "ဂျွန်ဂျောင်ကု မင်းချစ်ချစ်ကြီး ကင်မ်ဆော့ဂျင်နဲ့ တိုင်မှာနော်"တဲ့ အဲ့ဒါတင်မဟုတ်ဘူး ဂျောင်ကုကပါ "တိုင်ပေါ့ ငါကကြောက်ရမှာလားတဲ့" ငါကိုယ်တိုင် နားနဲ့ဆက်ဆက်ကြားခဲ့တာ"

"အဲ့တာနဲ့တင် ငါ့ကိုကြိုက်တယ်ဖြစ်သွားရောပေါ့ အဓိပ္ပာယ်မရှိတာ"

ဆော့ဂျင်ခပ်ထေ့ထေ့ရီပြီး ငြင်းလိုက်ပေမဲ့ အတွေးထဲ ဂျွန်ဂျောင်ကုပုံကိုသာ ခန့်မှန်းနေမိသည်။ လူမိုက် လူဆိုးဖြစ်ပြီး လက်မှာလဲ တက်တူးဗလပွနဲ့။ ဆော့ဂျင်ဖြင့်အဲ့အုပ်စုကိုကြည့်မရပါဘူး။

"မင်းကိုမကြိုက်ပဲ မင်းနာမည်နဲ့စမလား !! သေချာတယ် မင်းကိုကြိုက်နေတာ"

ဟိုဆော့ကသူကိုယ်တိုင်ကြားခဲ့တာမို့ ငြင်းတော့သည်။ ဆော့ဂျင်သူတို့ကိုအဖက်မလုပ်ပဲ စားလက်စသာ လက်စသတ်ပြီး အတန်းထဲဝင်တော့သည်။ ဒါပေမဲ့ ဝင်ခါနီး

"ဂျွန်ဂျောင်ကု အဟွတ် အဟွတ်!!"

"အဟင်း အဟွတ်!!"

ဝံရံတာနားမှာရှိနေတဲ့အုပ်စုဟာ သူလာမှ ဂျောင်ကုနာမည်အကျယ်ကြီးအော်ခေါ်ကာ စနောက်သည်။ ဂျောင်ကုကလည်း ပါးစပ်တွေအတင်းလိုက်ပိတ်ကာ သူ့ကိုမကြည့်ရဲကြည့်ရဲနဲ့ ကင်မ်ထယ်ယောင်းနဲ့ နမ်ဂျွန်း ဂုတ်ကိုဆွဲကာ ထွက်သွားသည်။

• ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • ʙᴏᴏᴋ ᴛᴡᴏ Where stories live. Discover now