• 𝖡𝗂𝗀 𝗐𝖺𝗋𝗇𝗂𝗀 •
•
•
•( အသုံးအနှုန်းတော်တော်ရိုင်းတာမို့ အဆင်ပြေမှ ဖတ်ပါ)
"morning အိုမီဂါ"
အိပ်နေသေးတဲ့ အိုမီဂါကို ခပ်ဖွဖွလေးသာ ပြောပြီး ဂျောင်ကု အောက်ဆင်းလာလိုက်သည်။ အိုမီဂါက ကလေးတစ်ဖက်နဲ့ရော အိမ်အလုပ်တွေ သင်တန်းတွေနဲ့ပါ ပင်ပန်းနေမှာ။ ဒါကြောင့် သူအလုပ်ပြန်မဝင်ခင်အထိ ကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။
သားလေး နည်းနည်း ထိန်းရလွယ်တဲ့အရွယ်ရောက်ရင် သူအလုပ်ပြန်ဝင်ပြီး အိမ်အကူတစ်ယောက်လောက်ငှားမှရမယ်။ မနက်စာပြင်နေရင်း ကလေးငိုသံကြောင့် ဂျောင်ကု ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ရတော့သည်။
ကဂျီဂာဂျောင်လေးက သူပုခုံးပေါ်မှီပြီး တစ်အီအီအသံပြုရင်း အိပ်နေသည်လေ။ ကော်ဖီဖျော်ပေးရင်း အသင့်ကြော်ထားတဲ့ထမင်းတွေကို ပန်းကန်ထဲထည့်လိုက်သည်။ ပြီးတော့ အုပ်စောင်းအောက်ထားခဲ့ရင်း ကလေးချီကာ အိုမီဂါကိုနိုးရန်အပေါ်တက်လာခဲ့လိုက်သည်။
"အိုမီဂါ~~ ဆော့ဂျင်"
"ဟင်~~"
လူးလွန့်နိုးလာတဲ့ ဆော့ဂျင်မှာ အကို့မျက်နှာတွေ့တော့ ထထိုင်မိသွားရသည်။ ကလေးကို လက်လွှဲယူလိုက်ရင်း ဆော့ဂျင်ပွေ့လိုက်တော့ အကိုက ခပ်ဖွဖွရီသည်။
"သားက နို့ဆာလို့ထင်တယ် ကိုယ်မနက်စာပြင်ထားတယ် ပြီးရင်ဆင်းလာခဲ့နော်"
ဆော့ဂျင် ခေါင်းညိမ့်ပြလိုက်ပေမဲ့ နဖူးပေါ်ကျလာတဲ့ ခပ်ဖွဖွအနွေးဓာတ်ကို မရှောင်လိုက်မိ။ သားကိုရော သူ့ကိုပါ နမ်းသွားတဲ့အကိုက ရေချိုးခန်းထဲဝင်သွားသည်။ ဆော့ဂျင်ကတော့ ကုတင်ပေါ်မှာ တောင့်တောင့်လေးသာကျန်ခဲ့တော့တယ်။ သူအစ်ကို့အနမ်းတွေနဲ့ နေသားမကျသေးဘူးပဲ။
မနက်စာစားနေတုန်း အကို့ဖုန်းသံကြောင့် သူအတွေးတွေ လွင့်ကုန်သည်။ contact ပေါ်က နာမည်လေးကြောင့် ဆော့ဂျင် မျက်နှာလွှဲလိုက်ကာ မနက်စာသာငုံ့စားရင်း သားကိုပါ ကျွေးလိုက်သည်။
"အေး ဟိုဆော့ပြောလေ"
အကိုက သူ့ရှေ့မှာပဲ ဖုန်းပြောပြီး သူ့ကြားအောင် စပီကာဖွင့်ပြသည်။ အကိုဟိုဆော့တို့အတွဲဟာ ဟန်နီးမွန်းက ပြန်လာပြီမို့ သူတို့တွေ့ရအောင်ချိန်းတာတဲ့။ ဆော့ဂျင် အကို့ကို သွားမတွေ့စေချင်ပေမဲ့ သူ့မှာ တားနိုင်စွမ်းမရှိ။ အကိုဟာ သူ့အချစ်ဦးကို ဘယ်လိုတောင်သဘောကျလဲဆို rut ကာလတွေမှာတောင် ဆော့ ဆိုတဲ့ နာမည်ကိုပဲငြီးတာပင်။