• ကူးပြောင်းလာတယ် • ဇာတ်သိမ်း

698 98 20
                                    

ရှစ်လကျော်နေပြီ ဖြစ်တဲ့ ဗိုက်ကြောင့် ဆော့ဂျင်မှာ ကုန်းမရ ကွမရ။ သိသိသာသာကို ကြီးလာတာမို့ အထဲက အမွှာလေး သုံးယောက်က နေရာယူထားကြသည်။

Ultrasound ရိုက်ကြည့်တော့ သေးသေး လေး သုံးခု!! အဲ့နေ့က enigma ကြီးမှာ အံဩရင်း ပါးစပ်ဟောင်းလောင်း!! မယ်တော်ကြီးမှာတော့ မေ့လဲ မတတ်ပင်!!

"ခမည်းတော် ကျွန့်တော့်လောက် အစွမ်း ရှိလား ဟမ်?!!

အဖေကို သွားစနေတဲ့ အစ်ကို့ကို သူရိုက်လိုက်တော့ သွားလေးဖြီးပြကာ သားကိုချီပြီး သူ့ပါးကို လာနမ်းသေးသည်။

"ဖြည်းဖြည်းလျှောက်လေ အိုမီဂါ ကိုယ်ချီရမလား?"

"ခင်ဗျားကြီး အားရှိမှန်းသိပါတယ် လမ်းလျှောက်တာကို ဘေးက ပိတ်မနေနဲ့လေ"

တစ်လမ်းလုံး သူကြီး နေရာယူထားတဲ့ အကိုကြောင့် လမ်းကောင်းကောင်းလျှောက်မရ!! ရှေ့ကနေ ပြာယာခပ်နေတာမို့ သူလုပ်မှ ကိုယ်ချော်လဲတော့မယ်။

"ရေတွေနဲ့ အိုမီဂါရဲ့!!"

"ကျွန်တော် မြင်တယ်လေ!!"

သူအော် ကိုယ်အော်နဲ့ နောက်ဆုံးတွင် enigma ဖြစ်သူမှာ အိုမီဂါအား မျက်စောင်းထိုးကာ အရင်ထွက်သွားသည်။ ဒီလိုကျတော့လဲ ဆော့ဂျင် စိတ်ဆိုးချင်သွားသည်။

မိုးရာသီမို့ လမ်းမှာ ရေဗွက်လေးတွေ ရှိသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်ချင်တယ်ပြောလို့ ဂျောင်ကုက ခေါ်လာပေးတာ။ လမ်းကောင်းကောင်း မလျှောက်ရလို့ စိတ်တိုပေမဲ့ ဘေးမှာ အစ်ကို မရှိတော့လဲ မနေတတ်။ ခပ်ဖြည်းဖြည်း လျှောက်ရင်း ရှေ့က ထွက်သွားတဲ့ ကျောပြင်ကြီးကို ဆော့ဂျင် ငေးရင်း နှာထိတ်တွေ ရဲတက်လာသည်။

"အဟင့်~~ enigma အစုတ်ပလုတ်ကြီး"

ခပ်ဖြည်းဖြည်းလျှောက်ရင်း နောက်ကနေ ပွစိစိ ပြောနေပေမဲ့ ရှေ့က ထွက်လာတဲ့ ဂျောင်ကုမှာ ယုန်သွားများပေါ်တဲ့အထိ ရီမိသွားသည်။ လမ်းက တိတ်ဆိတ်နေတာမို့ သူကြားပါသည်။ အရှိန်ကို နှေးလိုက်ရင်း နောက်က ခြေသံကို သူနားထောင်သည်။

သူကလဲသူ။ သူ့စိတ်အလိုမကျရင် ဒေါသက ထွက်ထွက်လာတာ။ အဲ့တာကြောင့် တော်ရုံ ရန်ဖြစ်မဲ့ ကိစ္စမျိုးဆို ရှောင်ထွက်လိုက်တာက အိုမီဂါကို စိတ်ဆင်းရဲတာကို လျော့ပါးစေတယ်လေ။

• ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • ʙᴏᴏᴋ ᴛᴡᴏ Where stories live. Discover now