"ဆော့ဂျင် ရော့"
လေပေါ်မြောက်တက်လာတဲ့ အအေးဘူးကို ဖမ်းရင်း ဆော့ဂျင် ဂျောင်ကုကို မျက်စိမှိတ်ပြလိုက်တော့ ဂျောင်ကုက ခေါင်းခါရီရင်းထွက်သွားသည်။ သူတို့ခင်မင်နေတာကို သူငယ်ချင်းတွေကိုလဲပေးမသိပဲ လျို့ဝှက်ထားသည်မှာလဲ အကြောင်းရင်းမရှိ။
တစ်ဆထက်တစ်ဆ တိုးလာတဲ့ သံယောဇဉ်တွေကြောင့် နောက်တစ်ဆင့်ကို တစ်ယောက်ယောက်ကသာ ရှေ့တိုးရင် သေချာပေါက်သူတို့ဟာ အတွဲဖြစ်လာမှာပင်။
"ညနေကျ ခြံထဲမှာတွေ့မယ် အအေးသောက်ပြီး အားတင်းထားပါ fighting ;)"
အအေးဘူးပေါ်က စာလေးကိုကြည့်ပြီး ဆော့ဂျင် သွားတွေပေါ်အောင်ရီမိလိုက်သည်။ အအေးဘူးကိုမော့ချလိုက်ရင်း သူ့အခန်းထဲဝင်ရင်း စာသင်ချိန်စသည်။
"မင်း သူနဲ့ပြန်လိုက်ပါလား ဒီနေ့ ချိန်းထားတာလေး ရှိလို့"
သူဂျီမင်းကို ပထုတ်တော့ ဂျီမင်းကရီနေသည်။ သုံးယောက်သား အိမ်နီးပေမဲ့ ဟိုဆော့နဲ့က ရပ်ကွက်မတူ။ ဘယ်လမ်းကသွားသွား အိမ်တော့ကျိန်းသေရောက်သည်။
"ငါ ဟိုဆော့ကို လိုက်ပို့လိုက်မယ်"
ဟိုဆော့ပုခုံးကိုဆွဲဖတ်ရင်း ပြောတော့ ဟိုဆော့က သူ့ကိုထုရိုက်ကာ ထွက်သွားသည်။
"အရမ်းမကြမ်းနဲ့နော် မင်းက လူကောင်သာသေးတာ ဒါမျိုးကျ ကြောက်ဖို့ကောင်းတယ်"
ဂျီမင်းကို အော်ပြီးစတော့ လက်ခလယ်ထောင်ပြကာ ဟိုဆော့နောက်ကိုပြေးလိုက်သည်။ မနေ့ကညနေက သူတို့နှစ်ယောက်နမ်းနေတာကိုမိသွားလို့သာ ခုလို စ,နိုင်တာ။ ဒီနှစ်ယောက်သာတွဲဖြစ်သွားရင် သူတစ်ယောက်ထဲ ပျင်းကျန်ရစ်နေဦးမယ်။
"တစ်ယောက်ထဲလား"
ဘေးက ဂျောင်ကုအသံကြောင့် ထခုန်မတက်လန့်သွားရသည်။ သူကတော့ တစ်ဟီးဟီးရီကာ banana milk ဘူးကိုအသောက်မပျက်။
"ဘယ်နှစ်ယောက်မြင်လို့လဲ"
"အတူပြန်မလား"
"မင်းသူငယ်ချင်းတွေရော"
"သူတို့ဘာသာပြန်မယ်တဲ့"
![](https://img.wattpad.com/cover/340621701-288-k743169.jpg)