• ကူးပြောင်းလာတယ် • ၂

1.2K 180 33
                                    

"ကလေးထပ်ယူကြတော့"

*အဟွတ်!! ဟွတ်!!"

မယ်တော်ကြီးရဲ့စကားကြောင့် ဆော့ဂျင်စားလက်စသီးသွားရသည်။ သူ့ကို စိုးရိမ်သလိုကြည့်နေတဲ့ အကို့ကို လဲတွေ့လိုက်ရပြီး ကျောပြင်ပေါ် ကျရောက်လာတဲ့ လက်ဖဝါးနွေးနွေးလေး။

"ရှင်မ ကူးပေါက်လေးက ငယ်သေးတာကို"

အမှန်ပင် ကူးငယ်လေးမှာ တသ်နှစ်မပြည့်သေး။ နို့တောင်မပြတ်သေးပဲ နောက်တစ်ယောက်ထပ်ယူခိုင်းနေတာမို့ ဆော့ဂျင်မျက်နှာ ဘယ်နားထားရမလဲမသိ။

"ငယ်တုန်းလေးမွေးရတာပေါ့ ကျုပ်တုန်းကဆို တစ်ယောက်ပဲ ရတယ်လေ"

မယ်တော်ကြီးရဲ့စကားမှာ သက်ပျင်းကိုယ်စီချကြသည်။ တစ်ဝမ်းခွဲတွေများပေမဲ့ ဂျောင်ကုလို ဘယ်သူ့မှ အကျောမတင်းဘူးလေ။ ချွဲနွဲ့တာတွေ သဘောကျတဲ့ မယ်တော်ကြီးက မြေးတွေမြစ်တွေနဲ့ ပျော်ချင်တာ။

"ကျွန်တော် ကြိုးစားပေးပါ့မယ် ဆော့ဂျင်ကိုတော့ အချိန်ပေးလိုက်ပါဦး သူ့ခင်ဗျာ ကလေးတစ်ဖက်နဲ့ ကျွန်တော့် ဝေယာဝစ္စ‌တွေနဲ့ ပင်ပန်းနေရှာတာ သားလေး နှစ်နှစ်လောက်ဆိုရင်တော့ နောက်ထပ်ယူပါ့မယ်"

ဂျောင်ကု မရုတ်မလွန်ဝင်ပြောလိုက်မှ အမေဖြစ်သူက ခေါင်းတစ်ညိမ့်ညိမ့်နဲ့ တစ်မိသားစုလုံးပြုံးစိစိ။ မတတ်နိုင်ဘူး ဝတ္ထုထဲရောက်မှတော့ ကြည့်ကျပ်ပြီး ဇာတ်ဆင်ကရတော့မှာပဲ။

ဂျောင်ကု သူ့ဘေးကို လှည့်ကြည့်လိုက်တော့ ခပ်သေးသေးအိုမီဂါလေးကို တွေ့ရသည်။ မဝံ့မရဲနဲ့‌မော့ကြည့်နေတာကြောင့်  ဂျောင်ကု နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။ အသဲယားဖို့ကောင်းတယ်။

"ဒီနေ့ ကလေးကို ငါတို့ခေါ်ထားလိုက်မယ်"

ဆော့ဂျင်တို့မငြင်းမိကျ။မယ်တော်ကြီးက သားလေးကို သူ့ထက်မလျော့တဲ့နည်းနဲ့စောင့်ရှောက်ကာ သည်းသည်းလှုပ်သည်လေ။ မယ်တော်ကြီးလက်ထဲမှာ အိပ်နေတဲ့ သားလေးကိုကြည့်ပြီး ဆော့ဂျင် ပြုံးလိုက်မိသည်။ မျက်လုံးထောင့်နားက အကိုကို့ကြည့်လိုက်တော့ သူ့ကို ကြည့်နေတာနဲ့တိုးတာမို့ ဆော့ဂျင်ကြောင်အသွားရသည်။ အကိုဟာ သူ့ကို ငေးနေသတဲ့။

• ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • ʙᴏᴏᴋ ᴛᴡᴏ Where stories live. Discover now