• ကူးပြောင်းလာတယ် •

1.6K 186 43
                                    

"ကိုကြီး မုန့်ဖိုး!!"

"အပိုင်းသစ် အပ်ပေးရင် ပေးမယ်"

ဂျောင်နာကတော့ မျက်စိလှန်လိုက်သည်။ သူ့အကိုဖြစ်သူက သူ့ရဲ့ fiction တွေကို ဖတ်ပြီး နေ့တိုင်းအပ်တောင်းနေသူဖြစ်သည်။ သူလဲရေးချင်ပေမဲ့ ပျင်းတယ်လေ!!

"အဲ့ဆို မယူတော့ဘူး"

"ရားး!! နင်က တန်းလန်းကြီးဟာ!!"

ဂျောင်နာရေးထားတဲ့ "အီစီကလီ" ဆိုတဲ့ fiction က ဖတ်လို့ကောင်းတယ်။ ဂျောင်ကုကြိုက်တယ်။ ရိုရိုချိုချိုလေးနဲ့ ဟာသလဲပါတယ်။ သူ့ညီမက စာရေးဝါသနာပါပေမဲ့ အပျော်တမ်းသာရေးသည်။ သူကတော့ စာအုပ်ထုတ်စေချင်ပေမဲ့ ဂျောင်နာမက အာရုံနောက်မခံချင်ဘူးတဲ့လေ!!

"ငါ အသစ်ရေးထားတာရှိတယ် ဖတ်မလား?"

"ဟုတ်လား ဘာ type လဲ!!"

"AOB type နင်သိပါတယ်"

ဂျောင်ကုက ခေတ်လူငယ်အကြိုက်တွေအကုန်သိသည်။ သူက normal တွေပဲဖတ်နေကျပေမဲ့ နာမည်ကြီး bl အချို့လဲ ဖတ်ဖူးပါသည်။

"Link ပို့လိုက်!!"

သူဆွဲလက်စပြီးရင် ဂျောင်နာမစာတွေဖတ်ရမယ်။ ဂျောင်ကုဘဝကအဲ့လိုပဲ!! နာမည်ကြီး ပန်းချီဆရာတစ်ယောက်ပေမဲ့ ဘဝကို ပေါ့ပေါ့ပါးပါးသာဖြတ်သန်းပြီး low-key ပဲနေသည်။ သူပန်းချီကားရောင်းရင် အေးဆေးထိုင်စားလို့ရသည်။ မိဘတွေမရှိတော့တာမို့ မောင်နှမနှစ်ယောက် အေးအေးဆေးဆေးနေသည်။

ဂျောင်ကု သူ့ဆွဲလက်စပုံကို ထားခဲ့ပြီး သူ့ညီမ ပို့ထားတဲ့ link ထဲဝင်ချလိုက်သည်။ complete ဖြစ်ပြီးသားမို့ ဂျောင်ကု မျက်ခုံးတွန့်သွားရသည်။ ဒီဟာမလေး ဥထားတာပဲ!!

• about love •

ဆိုတဲ့ ခေါင်းစဉ်လေးအောက် ဇာတ်ကောင်မိတ်ဆက်ကို စဖတ်လိုက်သည်။

Enigma - Jeon Jungkook

Pure Alpha - Jung Hoseok

Pure Omega - Kim Seokjin

သူ့နာမည်တွေထည့်ရေးထားတာပဲ။ ဂျောင်ဟိုဆော့ဆိုတာ ဂျောင်နာမ သဘောကျနေတဲ့ စီနီယာတစ်ယောက်ဖြစ်ပြီး ဆော့ဂျင်က အတန်းတူသူငယ်ချင်း!!

ဂျောင်ကု မျက်ခုံးတွေတွန့်ချိုးကုန်သည်။ ဒါက ပိုင်ရှင်တွေမသိပဲ ယူရေးတာပဲ!! အဲ့ဟာမလေးကို နာမည်ကြေးတောင်းရမယ်။ ဇာတ်လမ်းထဲမှာ ဂျောင်ကုက ဟိုဆော့ကို ငယ်ငယ်ထဲက သဘောကျနေသူ။ သူကိုယ်တိုင် အိုမီဂါမဖြစ်ရင်တောင် ဟိုဆော့ကို အိုမီဂါဖြစ်ဖို့ဆုတောင်းနေတတ်သူ။ ဒါပေမဲ့ ဟိုဆော့က pure alpha ဖြစ်ခဲ့ပြီး သူကတော့ enigma ဖြစ်ခဲ့သည်။ ရှားပါးမျိုးဆက်ကြောင့် သူတို့အမျိုးထဲကးမှာ ဂျောင်ကုက ဂုဏ်ဆောင်!!

• ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • ʙᴏᴏᴋ ᴛᴡᴏ Where stories live. Discover now