"အင့်~~ ဖေဖေကြီး"
ပန်းခွေလေး စည်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ငိုနေတဲ့ ကောင်လေးတစ်ဦး။ ပုံမှန်မဟုတ်တဲ့ ပုံစံမို့ ထိုကောင်လေးကို အကုန် သနားတဲ့ပုံစံနဲ့သာ ဝိုင်းကြည့်နေကြသည်။
"ဖေဖေကြီး အီးဟီး~~"
လက်ကောက်ကောက်လေးတွေက ကွေးတက်နေပြီး မျက်စံတွေကအငြိမ်မနေ။ ဖောင်းအိလွန်းတဲ့ပါးလေးက နီရဲနေပြီး မျက်ရည်တွေကမခြောက်သေး။
"သနားပါတယ်အေ သားဖနှစ်ယောက်ထဲရှိတာကို"
"သားဖြစ်သူက ဉာဏ်မကောင်းဘူးဆို"
"အဲ့လိုပဲပေါ့ အော်တဇင် ဖြစ်နေတာလေ စာတော်ရဲ့သားနဲ့ ကျောင်းထွက်လိုက်ရတာ ကျောင်းတွင်းအကြမ်းဖက်ခံရပုံပဲ"
ဘေးက ပြောသံတွေကြောင့် ဂျွန်ကတော် သနားစိတ်တွေ သတီတသန်း။ အနတ်ဂါဝန်အကျပ်နဲ့ သူမရောက်လာတော့ ဘေးကလူက ပြာသလဲလဲဖယ်ပေးကြသည်။ ငိုနေတဲ့ ကောင်လေးဘေးကို သွားထိုင်တော့ သူ့ကို တစ်ချက်တောင်လှည့်ကြည့်မလာ။
"သားဖေဖေက ကောင်းတဲ့နေရာကို ရောက်မှာပါ"
သူစကားစတော့ ခေါင်းလေးစောင်းကာ မော့ကြည့်လာတဲ့ ကောင်လေး။ နှုတ်ခမ်းလေး ကွေးကျကာ မျက်ရည်တွေအိခနဲကျတဲ့ကောင်လေးက တကယ်အပြစ်ကင်းလွန်းစွာ။
"သားရယ်~~"
သူဆွဲဖက်တော့ သူ့ကို ပြန်ဖက်မတွယ်လာတဲ့ကောင်လေးက နှုတ်ခမ်းလုံးလုံးလေးကို ငုံထားသည်။ မျက်ရည်တွေထပ်မကျတော့ပဲ သူ့ကို မော့ကြည့်ကာ
"ဘယ်.. ဘယ်သူလဲဟင်"
စကားအဆုံး နှာတစ်ချက်ရှုံ့လိုက်တာမို့ ဂျွန်ကတော် ပါးလေးဖြစ်လိုက်မိသည်။ သုံးဆယ် စက္ကန့်တစ်ခါ ခေါင်းလေးစောင်းစောင်းသွားတဲ့ ကောင်လေးက သူ့ဖေဖေဓာတ်ပုံကိုသာ အကြည့်ပြန်လွှဲသည်။
"မေမေကြီးနဲ့ လိုက်ခဲ့မလား သားကြီး"
သေချာစဉ်းစားဟန်နဲ့ ကောင်လေးက ခေါင်းခါပြသည်။
"ဖေဖေကြီးက.. မသိတဲ့လူတွေနဲ့ မ.. မလိုက်သွားရ.. ဘူးတဲ့"
"မေမေကြီးက မင်းဖေဖေရဲ့ သူငယ်ချင်းပါ"
![](https://img.wattpad.com/cover/340621701-288-k743169.jpg)