• 𝖿𝗅𝗈𝗐𝖾𝗋 𝗅𝗈𝗏𝖾𝗋 𝖻𝖾𝖾 • - 5

1.3K 202 65
                                    

"အကိုကတော့ကွာ!!"

ကားပေါ်က ဆင်းဆင်းချင်း ကျောင်းထဲတန်းဝင်သွားတာမို့ ဂျောင်ကုမှာအထုတ်တွေကိုင်ရင်း နောက်ကနေပြေးလိုက်ရသည်။ ဘာတွေလောနေလဲမသိ,

"အကို့ ဖြေးဖြေးသွားလေ ချော်လဲမှဖြင့်"

သူ့ကို မျက်စောင်းထိုးပြီး အခန်းထဲဝင်သွားသည်။ သူလက်ကိုဆွဲလိုက်တော့

"အိမ်ကဂျွန်ရှီ!! ကိုယ့်ဘာသာ ဟိုဆော့ရှီနဲ့ပဲသွားလိုက်ပါဗျ"

ဂျောင်ကု ဘာလုပ်မိမှန်းမသိ။ ကားကားလေးထွက်သွားတဲ့အကို့နောက်လိုက်ချင်ပေမဲ့ ကျောင်းချိန်ကနီးနေပြီမို့ ခေါင်းကုတ်ပြီးသာ ပြန်လှည့်ခဲ့ရသည်။ အားလပ်ချိန်ကျ ချော့ရဦးမယ်။

"ဟိုဆော့!! အကိုရော"

"ဟင် အရင်ထွက်သွားတာလေ"

အားလပ်ချိန်ဆို အကိုနဲ့အခန်းတူတဲ့ ဟိုဆော့နဲ့ အမြဲအတူထွက်လာပေမဲ့ ဒီနေ့ကျ အကိုက အရင်ထွက်သွားသည်တဲ့။

"ငါ့ကိုလဲ စကားသိပ်မပြောဘူး bombastic side eye တွေကြီး လှိမ့်ကျွေးတာ"

ဟိုဆော့အပြောကြောင့် ဂျောင်ကုရီချင်မိသွားသည်။ မနေ့ကလဲ ဟိုဆော့တို့အိမ်လာလည်တော့ အချိန်ဖြုန်းပေးတာကို မကျေနပ်လို့နေမယ်။ အကိုက အဲ့လိုတော့မဟုတ်လောက်ပါဘူး။အချိန်ကြာတော့ အကိုက ရောက်မလာသေး။ ဂျောင်ကု ကန်တင်မ်းတစ်ပတ်ရှာပြီးပေမဲ့ မတွေ့ပါ။

သေချာအောင် အိမ်သာထဲဝင်ကြည့်တော့။ ဘောလ်ပင်အဖုံးလေးတစ်ခု။ အမြဲအင်္ကျီမှာ ဘောပင်ချိတ်တတ်နဲ့အကိုကြောင့် ဂျောင်ကု စိုးရိမ်မိသွားသည်။ ပြီးတော့ ဘောပင်က သူနဲ့ဆင်တူဝယ်ထားတာလေး။

"အကို့!!"

အကိုဘယ်ရောက်နေလဲသူမသိ။ အိမ်သာထဲဝင်ခေါက်လဲမတွေ့!! သူစိတ်ပူလာကာ ဆရာမတွေသွားပြောတော့ လူဖြန့်ကာ ရှာပေးသည်။

"ဆရာမတို့ ရှာပေးမယ်နော် လွယ်အိတ်တွေကလဲ ဒီမှာပဲဆိုတော့ ကျောင်းမှာပဲရှိလောက်မှာပါ"

ဆရာမရဲ့အားပေးစကားက အလုပ်မဖြစ်ပါ။ သူပါအကို့ကို ကျောင်းအနှံ့လိုက်ရှာပေမဲ့ ဘယ်နေရာမှာမှာမတွေ့!! ကျောင်းဆင်းချိန်ထိ အကို့ကို မတွေ့တာကြောင့် အပြင်ပတ်ရှာဖို့လုပ်ရသည်။ အိမ်ကိုလဲ ဖုန်းဆက်ကာ အကိုပြန်လာရင် အကျိုးကြောင်းပြောဖို့လဲမှာရသည်။

• ᴋᴏᴏᴋᴊɪɴ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • ʙᴏᴏᴋ ᴛᴡᴏ Where stories live. Discover now