P5

393 50 1
                                    

"သား ဒီရက်ပိုင်း အတန်းမှန်မှန်
မတက်ဘူးဆို"

ty: ဘယ်သူပြောတာလည်းဒယ်ဒီ
ဂျောင်ဟိုဆော့ပြောတာလား

"မဟုတ်ပါဘူးသားရယ်
ဟိုဆော့က ဘာမှမပြောပါဘူး"

"စာမေးပွဲကဖြင့် မနက်ဖြန်
တဘက်ခါဘဲ ဖြေရတော့မယ်
စာလုပ်တာလည်း တစ်ခါမှမတွေ့ဘူး"

ty: တက္ကသိုလ်က အဲ့လောက်လည်း
မခက်ပါဘူးဒယ်ဒီရဲ့

"စာမေးပွဲကျရင် ဒယ်ဒီက
မကူညီဘူးနော်"

ty: သားသိပါတယ်

"သိတယ်ဆိုလည်း ဒယ်ဒီကိုမျက်နှာ
ပျက်အောင်မလုပ်ဘူးမလား။ သားကို
ဒယ်ဒီက အရမ်းယုံထားတာ သားသိ
တယ်‌နော်"

ty: ဟုတ်ကဲ့

"ဒါဆိုဒယ်ဒီကုမ္ပဏီသွားတော့မယ်
ဟိုဆော့နဲ့ ရန်ဖြစ်မနေနဲ့အုံး"

ခေါင်းအသာငြိမ့်ပြတဲ့ သားဖြစ်သူ၏ခေါင်းကို ဖွဖွလေးပုတ်ပြီး
Mr.kimထွက်သွားသည်
.
.
.
yj: hyung...👏

hs: အမလေး!!

အ၀တ်လှမ်းနေတာကို နောက်ကနေ
နားနားကပ်ပြီး လက်ခုပ်အကျယ်ကြီးတီးလိုက်တော့ ကိုယ့်အာရုံနဲ့ကိုယ်ဖြစ်နေတဲ့ ဟိုဆော့လန့်သွားတာမဆန်း

yj: ဟီးဟီး
လန့်သွားလားhyung

hs: လန့်သွားတာ‌ေပါ့yoonjayရယ်
ရောက်တယ်ဆိုလဲ အသံလေးဘာလေးပြုမှပေါ့ ကိုယ့်အကိုကို အဲ့လို
နောက်ရလား

yj: ကျွန်တော်ကစလိုက်တာပါ
ဒါနဲ့ထယ်ယောင်းရှိလားhyung

hs: မရှိဘူး ခုနလေးတင်
အပြင်ထွက်သွားတယ်
ဂိမ်းဆိုင်သွားတာလားမသိဘူး

yj: ဟုတ်လား
ဟွန်း သူနဲ့တွေ့ဖို့လာပါတယ်ဆို

yj: နောက်ဆို သူနဲ့တွေ့ဖို့ တုံကင်
ယူရမယ်နဲ့တူတယ်။ အမြဲတမ်း
ပတ်ထွက်နေတော့တာဘဲ

yj: ရောက်လက်စနဲ့ မထူပါဘူး
hyungကိုဝိုင်းကူပြီးမှပြန်တော့မယ်

yj: ပေးပေးအဲ့အ၀တ်တွေကျွန်တော့်ကို

hs: ရပါတယ်yoonjayနားနား
နေနေ နေပါ ဒါတွေက
hyungလုပ်နေကြရယ်

yj: ကျွန်တော်လည်းလုပ်ချင်လို့လေ
ပေးပါဆိုhyungကလဲ

ပြောမရသူကြောင့် ဟိုဆော့လက်လျော့လိုက်ရသည်။ ထယ်ယောင်းသာ
ဒီကောင် လေးတစ်၀က်လောက်
လိမ္မာရင်ကောင်းမယ်နော်

အမုန်းတော်ခံ (U+Z)Where stories live. Discover now