P 14

396 46 0
                                    

hs: မင်းဒဏ်ရာတွေကို
ဆေးထည့်ပေးမယ်

ty: ‌စေတနာရောပါရဲ့လားhyung

hs: စေတနာမပါရင်လေ မင်းကို
ဘာဖြစ်ဖြစ်ဆိုပြီး ပြစ်ထားမှာပေါ့

ကိုယ့်စကားကြောင့် ၀မ်းသာသွားတဲ့
သူက ခုနက အိမ်အကူအမကို
ပြောနေတဲ့ပုံစံနဲ့ လားလားမှမဆိုင်

ty: ဒါဆို တာ၀န်အရမဟုတ်ဘူးပေါ့

hs: ထယ်ယောင်းရယ် မင်းအရမ်း
ရစ်တာဘဲ။ ငါစိတ်မရှည်တော့ဘူးနော်
ဘာလည်း မလိမ်းဘူးလား
မလိမ်းရင်လည်း-

ဆေးဗန်းကိုကိုင်ကာ ထထွက်သွား
တော့မယ့် ကိုဒေါသလေးရဲ့ လက်ကို
အမိအရလှမ်းဆွဲလိုက်သူက
ထယ်ယောင်း

ty: hyungကလည်း စိတ်ကြည့်ပဲ
ကျွန်တော်က စတာပါ

မှိုရထားတဲ့မျက်နှာနဲ့
လူကိုလာပြီးမျက်နှာချိုသွေးနေတာ
ဦးလေးဂျူကြောင့်သာမဟုတ်ရင်
သူ့ကို သိပ်အရေးပေးချင်တာမဟုတ်။

hs: မင်းကလေ
အရမ်းဆိုးတာဘဲ

hs: နောက်ခါရန်ဖြစ်ရင်
ငါထပ်လုပ်ပေးမှာမဟုတ်ဘူးနော်

ဆေးထည့်ပေးနေရင်း ပွစိပွစိပြော
နေတဲ့လူသားလေးကို ထယ်ယောင်း
အကြည့်အပျက်ခဲ့။ ကိုယ့်အသားနာ
နေတာတောင် သတိမရတော့တဲ့အထိ
သူလေးက ဆွဲဆောင်လွန်းနေတာ။

ထိုလူသားလေးအပေါ်တပ်မက်စိတ်
ကိုယ့်အပိုင်ဆိုတဲ့လောဘစိတ် သူများ
ကိုသာ ချစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်
စတဲ့ခံစားမှုပေါင်းစုံက တစ်နေ့တစ်ခြား
ပိုပိုစိုးလာတယ်။ အဆိုးဆုံးကတော့
ငါကလွဲပြီး...ဆိုတဲ့ အတ္တစိတ်

ဂျောင်ဟိုဆော့ဆိုတဲ့လူနဲ့ပတ်သတ်
လာရင် ဘာကိုမှမမြင်တော့လောက်အောင်စုံလုံးကန်းနေပြီ။ ကျွန်တော် ဆေးမမှီတော့ဘူးနဲ့တူတယ်

hs: ထယ်ယောင်း...
ငါပြောတာကြားလား

ty: ဟမ်...ဟမ်
hyungဘာပြောလိုက်တာလဲ

ဟော..ကြည့်။ လူကို အသည်းအသန်‌ မျက်လုံးကျွတ်ကျမတက်ကြည့်
နေမှတော့ ပြောတာကို ဘယ်လိုလုပ်ကြားတော့မလဲ

hs: ခနနေရင် အကိုက်ခဲပျောက်ဆေး
သောက်လိုက်လို့ပြောနေတာ
ကြားပြီလား

အမုန်းတော်ခံ (U+Z)Where stories live. Discover now