P 11

424 50 5
                                    

ty: hyungအန်တီကိုသွားကြိုမလို့လား
ကျွန်တော်လိုက်ပို့မယ်လေ

hs: နေပါစေ
မေမေကို ဆေးခန်း၀င်ပြရအုံးမှာ

ty: ရတယ်လေ။
လာ..သွားကြမယ်

hs: မင်းအတွက် အလုပ်ရှုတ်နေပါမယ်
ငါtaxiနဲ့ဘဲသွားလိုက်မယ်

ty: အလုပ်မရှုတ်ပါဘူးhyungရဲ့
ကျွန်တော်လည်း အန်တီ့ဆိုင်ကို
ရောက်ဖူးတာပေါ့

hs: ထယ်ယောင်း ငါ-

ty: မငြင်းပါနဲ့hyungရယ်
အပြင်မှာ ဒီလောက်အေးနေတာကို
ကျွန်တော်ဘဲလိုက်ပို့မယ် နော်

ထယ်ယောင်းနဲ့ဆက်ပြီးပြောနေရင်
မေမေ့ကို ဆေးခန်းပြတာနောက်ကျတော့မှာသေချာတယ်။ ဒါကြောင့်
သူ့ကားနဲ့ဘဲ မေမေ့ကို သွားခေါ်ဖို့
ဆုံးဖြတ်လိုက်သည်။

ကားထဲမှာတော့နှစ်ယောက်သား
တိတ်ဆိတ်လျှက်။ ထိုအခြေနေကို
စတင်ဖြိုခွင်းလိုက်သူက ထယ်ယောင်း
ရယ်ပါ

ty: hyung....
ချမ်းနေတာလား
ကျွန်တော်အဲကွန်းပိတ်လိုက်မယ်

အပြင်မှာ ဒီလောက်ကြီးမအေးလောက်ပါဘူးဆိုပြီး အနွေးထည် ထူထူမ၀တ်
ခဲ့တာ အခုတော့ ကံဆိုးလေပြီ
တော်သေးတာပေါ့ ထယ်ယောင်းက
အဲကွန်းပိတ်လိုက်လို့

ty: အရမ်းအေးနေတာလားhyung

လက်နှစ်ဖက်ကို မီးထပွင့်မတက်
ပွတ်နေတဲ့ဟိုဆော့ကို ထယ်ယောင်း
မေးလိုက်ပြီး လမ်းဘေးတွင် ကားခနရပ်ကာ

ty: အပြင်မှာ အေးတယ်လို့ပြောတာကို
ဘာလို့ထူထူထဲထဲ၀တ်မလာတာလဲ

hs: အဲ့လောက်လည်း မအေးပါဘူး

ထယ်ယောင်းကို မခံချင်စိတ်နဲ့သာ
ပြောလိုက်ပေမဲ့ လူကနဲနဲတော့
ချမ်းသား။ ‌ဒီနေ့ကျမှ ပိုပြီးအေး
နေသလို အပြင်ကို ကြည့်လိုက်တော့
လည်းနှင်းက တဖွဲဖွဲကျနေပြီ။

ty: မအေးဘူးဟုတ်လား
နှုတ်ခမ်းတွေပြာနေတာကို
မအေးဘူးပေါ့

ထယ်ယောင်းက ပြောလည်းပြော
သူ့ရဲ့ လယ်သာအနွေးထည်ကိုချွတ်ပြီး
ဟိုဆော့ကို ခြုံပေးလာသည်။

hs: ရ..ရပါတယ်
ငါအဲ့လောက်ကြီးလည်း မအေး
ပါဘူးဆို မင်းသာပြန်၀တ်ထားစမ်းပါ

အမုန်းတော်ခံ (U+Z)Where stories live. Discover now