P6

384 50 0
                                    

ကျောင်းတွေလဲပိတ်ပြီ။
မေမေကိုဆိုင်မှာ ဝိုင်းကူပြီးလုပ်ပေးမယ်လို့‌ပြောပေမဲ့ မေမေကလက်မခံ။

ဒီအိမ်မှာဘဲ နေခဲ့ပြီး အလုပ်တွေဝိုင်းကူရမယ်တဲ့။ နမို့ဆို ဦးလေးရော ထယ်ယောင်းရောက ငြိုငြင်လိမ့်မယ်တဲ့

ty: ဂျောင်ဟိုဆော့!

ဟော တွေးလို့မှမဆုံးသေးဘူး
အသံကကြားရပြီ။ ဘာခိုင်း
အုံးမလဲမသိ

ty: ဂျောင်ဟိုဆော့!!

hs: လာပြီ

hs: ဘာလည်းပြော

ty: ဒီမှာ ငါ့ဖိနပ်က အပြင်သွားခါနီး
ပေနေလို့ နဲနဲလောက်သုတ်ပေးပါလား

hs: မလုပ်ပေးနိုင်ဘူး! ငါကမင်းထက် အကြီးနော်ထယ်ယောင်း!

ty: အဲ့ဒါဘာဖြစ်လဲ
ဒီဖိနပ်ဘယ်လောက်တန်တယ်ထင်လဲ
ဒီဖိနပ်ကိုထိရလို့ မင်းဂုဏ်တောင်
ယူရအုံးမယ် ဘာကိုမလုပ်ပေးနိုင်ဘူးလဲ

hs: မင်းကျန်တာခိုင်းလို့ရတယ်လေ

ty: ငါကဒါပဲခိုင်းချင်တာဆိုရင်ရော

hs: ဖိနပ်တိုက်ပေးရလောက်တဲ့ထိတော့
မင်းငါ့ကိုမခိုင်းသင့်ဘူး။ ဒီတိုင်း
ကိုယ့်ဘာကိုယ်လုပ်လည်းရနေတာကို

ty: ငါကအဖိုးတန်တယ်လေ
အဲ့လိုအရာတွေထိဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိဘူး

hs: ဒါဆိုလဲ အဲ့ဖိနပ်ကိုမစီးနဲ့ပေါ့

ty: မင်းငါ့ကိုပြန်ပြောနေတာလား
နားထောင်ကောင်းတယ်မှတ်မနေနဲ့
ငါလုပ်ဆိုလုပ်လိုက်လေ

hs: အဲ့အရာတွေလိုက်လုပ်ပေးရအောင်
ငါကမင်းကျွန်မဟုတ်ဘူးနော်

ty: ငါကတော့အဲ့လိုမထင်ပါဘူး

hs: ဘာ!!!

သူပြောပုံအရဆို ကိုယ်ကဘဲ သူခိုင်းသမျှဘာမဆိုလုပ်ပေးရတဲ့ကျွန်လိုလို

ty: ကြာတယ်
လုပ်ပေးမှာလား မလုပ်ပေးဘူးလား
ငါအချိန်မရှိဘူးနော်

ဖိနပ်ကို မျက်စပြစ်ပြတဲ့ထယ်ယောင်း
ကိုယ့်ဘာသာလုပ်လိုက်ရင်ရတယ်မဟုတ်လား။ အသားလွတ်ကြီး လူကို
နှိမ်နေတာတော့ သိပ်ပြီးဘ၀င်မကျ။

အမုန်းတော်ခံ (U+Z)Where stories live. Discover now