P 10

460 51 0
                                    

မနက်ဖြန်ဆိုကျောင်းတွေဖွင့်ပြီ။
ဂျောင်ဟိုဆော့ကို ချစ်တဲ့သူတွေ
ကများသားနော်။ ဆေးရုံတက်နေတဲ့အချိန်မှာ ဂျင်နဲ့ ယွန်ဂီက ထိုလူသားရဲ့ဂျစ်တိုက်မှုတွေကို သည်းခံပေးရှာတယ်။

yoonjayကတော့ ကျွန်တော့်ကို
မထိုးရုံတမယ် အတော်လေး
စိတ်ဆိုးသွားတယ်။ ကျွန်တော်က
ဂျောင်ဟိုဆော့ကို အမြဲထိခိုက်အောင်
လုပ်တယ်တဲ့

ဆေးရုံက ဆင်းလာပြီးကတည်းက
သူကျွန်တော့်ကို စကားမပြောတော့တာ
အနားလည်းမကပ်သလို တစ်အိမ်ထဲအတူတူနေသူတွေမို့ မထင်မှတ်ဘဲ
တွေ့ရင်တောင် သူကအရင်ရှောင်ထွက်သွားတယ်။

တောင်းပန်ဖို့ရည်ရွယ်ထား
ပေမဲ့ လူကိုတွေ့တိုင်း အနားကနေ
ထွက်သွားတတ်သူကို ဘယ်လို
ပြန်ချော့သင့်လည်း.......

|||||||

ty: hyung.....
ကျောင်းသွားတော့မလို့လား

စက်ဘီးကိုထုတ်ပြီး ကျောင်းသွားဖို့
ပြင်နေတဲ့ ဟိုဆော့ကို ထယ်‌ယောင်း
ပြောလိုက်သည်။

ဟိုဆော့ကတော့ သူ့ကိုအမြဲတမ်း
ဂျောင်ဟိုဆော့လို့ ခေါ်နေပြီး ဒီနေ့ကြ
မှထူးဆန်းစွာ hyungလို့ထခေါ်တဲ့
ထယ်ယောင်းကို မျက်လုံးအဝိုင်းသား
နဲ့ကြည့်နေမိသည်။

ty: ကျွန်တော်ပြောတာကြားလား
ကျောင်းသွားတော့မှာလားလို့

hs: အင်း

ty: ကျွန်တော်နဲ့တူတူသွားမယ်လေ
ကားနဲ့ဆိုတော့ သက်သောင့်
သက်သာဖြစ်တာပေါ့

ဟိုဆော့ ထပ်ပြီးအံ့ဩရပြန်သည်။
တစ်ခါမှ ဒီလိုပြုံးပြီးမပြောဘူးတဲ့
ထယ်ယောင်းကြောင့် သူအိမ်မက်များ မက်နေသလားဆိုပြီး ကိုယ့်ပါးကိုယ်
ပြန်ရိုက်ကြည့်ရတဲ့အဖြစ်

ဟိုဆော့ရဲ့ဖြစ်နေပုံကိုကြည့်ပြီး ထယ်
ယောင်း အသံထွက်တယ်ဆိုယုံမျှရယ်လိုက်သည်။

ty: သွားမယ်လေhyung
ပထမရက်ဆိုတော့ စောစော
သွားသင့်တယ်မလား

hs: ရ...ရတယ်
ငါစက်ဘီးနဲ့ဘဲသွားမှာ

ty: မရပါဘူး hyungက ကျွန်တော်နဲ့
အတူတူပဲသွားရမယ်

ဇွတ်အတင်းတွေသူ့ကားပေါ်
ခေါ်နေတာ အကြံစည်ရှိလောက်တယ်
အရင်ကထက်ပိုပြီး သဘောကောင်းပြနေတဲ့ထယ်ယောင်းက ငါ့ကိုတစ်ခုခုဖြစ်စေချင်နေတာလား

အမုန်းတော်ခံ (U+Z)Where stories live. Discover now