P 17

391 43 2
                                    

အုံ့မှိုင်းနေတဲ့ရာသီဥတုက ဒီနေ့ကြမှ
ပိုအေးနေသလို။ နှင်းကြလိုက်ပုံများ
နေကိုတောင် မမြင်ရသည်အထိ။

ကျောင်းပိတ်တဲ့ရက်မို့တော်ပါသေးသည်။ နမို့ဆို ကင်ထယ်ယောင်းတို့
အိပ်ပုတ်ကြီးပုံမျိုးနဲ့ ကျောင်းမှီမှာမဟုတ်။ အေးအေးလူလူအိပ်နေတာ
မိုးလင်းလို့လင်းမှန်းမသိ။
ဦးလေးဂျူ မနက်စာစားဖို့ လာနှိုးမှဘဲ
ထတော့တယ်။ နာကြည့်လိုက်တော့
9:45ရှိပြီ။ မနေ့ညက စိတ်ကူးယှဉ်တာနဲနဲများသွားလားမသိ။

"ကျွန်တော်မျက်နှာသစ်ပြီး
ဆင်းလာခဲ့မယ်"
.
.
.
ty: ဒယ်ဒီရော
ရုံးသွားပြီလား

"သွားပြီလေသားkim
ဒီနေ့အစောကြီးထွက်သွားတာ။
အစည်းဝေးရှိလို့နဲ့တူတယ်"

မနက်စာ စားရန် စားပွဲဝိုင်းသို့
ထိုင်လိုက်သည်နှင့် အနံ့ပေါင်းစုံကြောင့်
အခုမှပိုပြီးဗိုက်ဆာလာသလို

အားရပါးရစားလိုက်တော့ စိတ်ကျေ
နပ်မှုအပြည့်အ၀ရပေမဲ့ အန်တီဟယ်မီလက်ယာကိုမမှီ။ တစ်ခါတစ်ရံသတိရ
ပေမဲ့ ကိုယ့်ကြောင့်ဆိုတဲ့အတွေးကလည်း ၀င်၀င်လာတယ်။
hyungသာဆို သူ့အမေကို ဘယ်လောက်
သတိရနေလိုက်မလည်း။

ty: ဦးလေးဂျူ
hyungကိုလည်းမတွေ့ပါလား
ခြံထဲမှာလား

"မဟုတ်ဘူးသားkim
ဒီနေ့က ဟိုဆော့မေမေရဲ့မွေးနေ့လေ
အဲ့ဒါကြောင့် ကောင်လေးက သူ့အမေအုတ်ဂူဆီသွားတယ်"

ty: ဟုတ်လား
‌ဒီလောက်နှင်းတွေကြနေတာကိုလေ
ဦးလေးက လိုက်မသွားဘူးလား

"ဦးလေးဂျူလိုက်ပို့မယ်ပြောပါတယ်
ဟိုဆော့လေးက သူတစ်ယောက်တည်း
သွားချင်တယ်လို့ တောင်းဆိုလာလို့ပါ"

ty: ကျစ်!!
hyungကတော့လေ...

ty: အဲ့ဒါဆို ကျွန်တော်လိုက်သွားလိုက်
အုံးမယ်

"သားkimကလိုက်သွားမလို့လား"

ty: ဟုတ်‌တယ်လေ
ဒီလောက်အေးနေတာကို
hyungကိုကျွန်တော် စိတ်မချပါဘူး

"ဪ...အေးအေး
လိုက်သွားချင် လိုက်သွားလေ"

ချက်ချင်း လိုက်သွားသူကိုကြည့်ပြီး
ဦးလေးဂျူပြုံးမိသည်။ မသိရင်
ဟိုဆော့လေးက သူငယ်နှပ်စားလေးကြနေတာဘဲ။ ဘာပဲဖြစ်ဖြစ်ပါ အခုလို
ဟိုဆော့လေးအပေါ် ကြင်နာတာတွေ့တော့ ၀မ်းသာပါတယ်လေ
.
.
.
hs: မေမေ....
မေမေ့ကိုသားလာတွေ့တာ

အမုန်းတော်ခံ (U+Z)Where stories live. Discover now