P 8

410 49 2
                                    

"ကို့
စိတ်မပါဘူးလား"

"ဘာလည်း တို့ကိုနမ်းဖို့ စိတ်တောင်
မပါတော့ဘူးပေါ့။ ကိုက အရင်ကနဲ့
မတူတော့ဘူးနော်"

ty: မ...မဟုတ်ပါဘူးကွာ
ကို အခုတလော စိတ်ရှုတ်နေလို့ပါ

သူမ ပြောလည်းပြောလေစရာ အခု
တလော ဘာဖြစ်နေမှန်းကိုမသိဘူး။
နမ်းမယ်လုပ်လိုက်တိုင်း နှုတ်ခမ်းပါးတစ်စုံက အတွေးထဲမှာကွက်ကွက်
ကွင်းကွင်းပေါ်လာရင် လက်ရှိအချိန်ကို
ဘယ်လိုမှအာရုံစိုက်လို့မရဘူး။

အာ...တကယ်ပါဘဲ
ဘာလို့အဲ့လောက် အတွေးထဲထိ
လိုက်နှောင့်ယှက်နေမှန်းကိုမသိတာ
တော်တော်ဒုက္ခပေးတဲ့ ဂျောင်ဟိုဆော့

"ကို့ ဘာတွေတွေးနေတာလည်း
ဘာလည်း တို့အပြင် နောက်တစ်ယောက်ရှိနေပြီလား"

ty: မဟုတ်ပါဘူး မရယ်
ဒီတိုင်း တွေးစရာလေးတွေပေါ်လာလို့

"ဒါပဲနော်ကို တို့အပြင်နောက်တစ်ယောက်ထပ်ထားလို့ကတော့ မလွယ်ဘူးမှတ်"

ty: အင်းပါမရဲ့

သူမခေါင်းလေးကို အနမ်းဖွဖွလေးပေးလိုက်မှ ပြုံးရွှင်လာတော့တယ်။
ဒီတစ်ယောက်လည်း ဘယ်လောက်ကြာကြာတွဲမလည်းမသိ။ သိပ်ရစ်တဲ့မိန်း
ကလေးတွေကို အချိန်ကုန်ခံပြီး မတွဲတတ်တာကင်ထယ်‌ယောင်းရဲ့အကျင့်

|||||||

yj: ဦးလေးဂျူ ထယ်ယောင်းရှိလား

"ရှိတယ်ကွယ့်။ အိမ်ထဲမှာနဲ့တူတယ်
အပြင်သွားတာမတွေ့မိဘူး"

yj: ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော်သွား
လိုက်အုံးမယ်နော်

"အေးအေး"

ဦးလေးဂျူကိုနှုတ်ဆက်ပြီး အပေါ်ထပ်က ထယ်ယောင်းအခန်းဆီဦးတည်လိုက်သည်။ ငယ်ငယ်ထဲက Kimအိမ်
တော်က ကျွန်တော်နဲ့မစိမ်းတာမို့
၀င်လိုက်ထွက်လိုက်ပါဘဲ

ထယ်ယောင်းအခန်းထဲ၀င်လိုက်တော့
တွေ့ပါပြီ ချစ်သူငယ်ချင်းကြီးက
စောင်ထဲမှာခွေနေတာ

ဒီကောင်ကြီးက အခုချိန်ထိမထသေးပုံထောက် မနေ့ကလည်တာ နဲနဲများသွားတယ်ထင်တယ်

yj: ထယ်ယောင်း ထ
ထယ်ယောင်း ထတော့လို့
ကားပြိုင်ပွဲရှိတယ် မင်းကိုလာခေါ်တာ

အမုန်းတော်ခံ (U+Z)Wo Geschichten leben. Entdecke jetzt