Midnight-1

907 31 42
                                    

"jungkook!!!"

"ဗျာ"

"အခုလာစမ်း"

"မေမေလေးဘာဖြစ်လို့လဲ"

"နင်အဝတ်တွေကိုဘယ်လိုလျှော်ထားတာလဲ"

"ဟို ဟို အဝတ်လျှော်စက်နဲ့လျှော်တာပါ"

"ဘာ !!!! အဝတ်လျှော်စက်နဲ့လျှော်တယ် "

"ဘာ ဘာ ဖြစ်လို့လဲမေမေလေး"

"ငါ့အကျီတွေကအကုန်brandတွေချည်းဘဲ အဲ့တာကိုနင့်စောက်စုတ်အကျီတွေနဲ့ရောလျှော်မှတော့ အခုငါ့အကျီတွေအရောင်စွန်းကုန်ပြီ နင့်လက်တွေက ကျိုးနေလို့လက်နဲ့မလျှော်တာလား "

"မဟုတ်ပါဘူးမေမေလေးရယ်"

"အခုငါ့အကျီကိုဘယ်လိုလုပ်ပေးမှာလဲ"

"ဟို ဟိုအစွန်းချွတ်ဆေးနဲ့လျှော်ရင်ရော"

"ဘာ တော်ပြီတော်ပြီ အခုကစပြီးတစ်လတိတိညစာနဲ့မနက်စာမစားနဲ့ ကြားလား"

"ဟုတ် ကြား ကြားပါတယ်"

"သွားသွားနင့်ကိုမြင်ရတာကျက်သရေယုတ်တယ်"

jkလည်းမီးဖိုချောင်ဘေးနားကသူ့အိပ်ခန်းထဲဝင်ပြီးငိုနေတော့တယ်

အခုလိုတွေဖြစ်ရတာသူ့အဖေကြောင့် အမေဆုံးသွားပြီးနောက်ပိုင်းအဲ့မိန်းမကိုအိမ်ခေါ်လာတယ်မိ​ထွေးမှာသားတစ်​ယောက်ပါလာတယ်သူလည်းအဖေရဲ့စိတ်ကိုနားလည်ပေးပြီးမိထွေးနဲ့သူ့သားကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်

မိထွေးကသူ့ကိုမေမေလေးလို့ခေါ်ခိုင်းတယ် သဘောမကျပေ
မယ့်လည်းအဖေ့မျက်နှာကြောင့်မေမေလေးလို့ဘဲခေါ်ရတယ်

စစချင်းမှာတော့မိထွေးကသူ့သားအရင်းထက်တောင်ကိုယ့်ကိုပိုချစ်ပြနေတော့တာ နောက်တော့လည်းစရိုက်မှန်ကပေါ်လာတာပါဘဲ အနောက်ဆုံးအဖေလည်းဟိုမိန်းမကြောင့်ဘဲဆုံးသွားတော့တယ်

ပိုင်ဆိုင်မှုတွေ အမွေတွေအားလုံးကိုမိထွေးနဲ့မယားပါသားနာမည်နဲ့ချန်ထားခဲ့တာ သူ့နာမည်နဲ့ဆိုလိုဘာတစ်ခုမှမရှိဘူး ဒါတွေကလည်းဟိုမိန်းမလုပ်ဇာတ်တွေထင်ပါတယ်

တစ်နာရီကျော်လောက်ငိုပြီးတော့သူလည်းမျက်ရည်တွေသုတ်လိုက်တယ် ထမင်းဟင်းချက်ရအုံးမယ်လေ တော်ကြာသူ့မေမေလေးပြန်ရောက်လို့မှချက်လို့မပြီးရင်အပြောအဆိုခံရအုံးမယ်

jungkookတစ်ယောက်ထမင်းဟင်းချက်ပြီးတာနဲ့လှန်းထားတဲ့အဝတ်စားတွေကိုမီးပူတိုက်ရတော့တယ်

ယောကျာ်းလေးတစ်ယောက်ပေ
မယ့်တစ်အိမ်လုံးကအိမ်အလုပ်မှန်သမျှသူတစ်ယောက်ထဲဘဲ

ပန်းပင်တွေရေလောင်း မီးပူတိုက်ပြီးတာနဲ့ရေမိုးချိုးပြီTVထိုင်
ကြည့်နေလိုက်တယ်

ဒီနေ့မှသူ့မိထွေးနဲ့အကိုကဘယ်လိုဖြစ်ပြီးကြာနေလည်းမသိပါဘူး

တီ တီ တီ

ကားဟွန်းတီးသံကြောင့်သူ့အကိုပြန်လာပြီထင်တယ်

jungkookလည်းခြံတံခါးအပြေးဖွင့်ပေးပြီးတာနဲ့သူ့အကိုရဲ့လက်ဆွဲအိတ်လေးကိုင်ပြီးအိမ်ထဲဝင်လာလိုက်တယ်

"jungkook ထမင်းဟင်းတွေချက်ပြီးသွားပြီလား"

"ဟုတ်အကို"

"အွန်းကိုယ်ရေချိုးပြီးဆင်းလာခဲ့မယ် ဟင်းတွေကိုသေချာပြန်နွှေးထားလိုက်"

"ဟုတ်"

jungkookတစ်ယောက် သူ့အကိုအပေါ်တက်သွားတာနဲ့မီးဖိုချောင်ထဲဝင်ပြီးဟင်းတွေကိုပြန်နွှေးနေလိုက်တယ်

မကြာပါဘူးလှေကားပေါ်ကနေဆင်းလာတဲ့သူ့အကိုကချောတာထက်ကိုပိုပါတယ် သူ့နာမည်ကတော့kim tae hyung မိထွေးကပါလာတဲ့သား သူ့ထက်အသက်ကြီးတာကြောင့်အကိုလို့သာခေါ်တယ် အဖေ့ရဲ့companyကိုဆက်ခံသူပေါ့

သူ့မှာထူးခြားချက်ရှိတယ် အဲ့ဒါကတော့မွေးထဲကမျက်စံအနီရောင်ရယ် ချွန်ထက်နေတဲ့သွားတွေရယ် တစ်ခါတစ်လေကျစဥ်းစားမိတယ်လူမှဟုတ်ရဲ့လားပေါ့

ထူးခြားတာကတော့လပြည့်လကွယ်ဆိုသူ့အခန်းထဲကိုဘယ်သူမှမဝင်ခိုင်းတာဘဲ

"ထိုင်လေ jungkook စားကြမယ်"

⚠⚠⚠⚠⚠⚠⚠

ကဲ မနေနိုင်လွန်းလို့လက်ကမြင်းလိုက်ပါပြီ ထွေထွေထူးထူးတော့ပြောစရာမရှိပါဘူး အားလုံးဘဲကျန်းမာရေးဂရုစိုက်ကြပါ

MidnightWhere stories live. Discover now