Midnight-3

342 31 53
                                    

taehyungလည်းထွက်သွားရောသူရယ်မေမေလေးရယ်သာကျန်ခဲ့တယ်

"jungkook!!!"

"ဗျာ မေမေလေး"

"ငါစားလို့ပြီးပြီပန်းကန်တွေသိမ်းလိုက်တော့ အော်ပြီးတော့ငါဒီညပြန်မလာဘူး ငါ့သားလိုတာရှိရင်လုပ်ပေးလိုက် ကြားလား"

"ဟုတ်မေမေလေး"

ထွက်သွားတဲ့ကျောပြင်ကိုjungkookကြည့်နေမိတယ်
သူ့မေမေလေးသည်၄၀ ဝန်းကျင်ပေမယ့်အရွယ်တင်သည်ပြောရမလား

ယောကျာ်းလေးတွေကိုဆွဲဆောင်နိုင်သည် အခုလည်းသူဌေးတစ်ယောက်နဲ့ဟိုလိုလိုဒီလိုလိုသတင်းတွေထွက်နေတယ်ဒါတွေကိုအကိုလည်းသိပေမယ့်ဘာတစ်ခုမှမပြော

ဒီနေ့သူလုပ်စရာအလုပ်တွေသိပ်မရှိပါ မနေ့ကနေလှန်းထားတဲ့အဝတ်အချို့ကိုမီးပူတိုက်ပြီးရင်သူ့အလုပ်ပြီးပြီဘဲ အာပျော်လိုက်တာဒီနေ့နားရပြီအိမ်မှာ
မေမေလေးလည်းမရှိဘူးပျော်လိုက်တာ

jungkookတစ်ယောက်မီးပူတိုက်ပြီးတာနဲ့ညကျရင်အကိုစားဖို့ချက်ပြုတ်လိုက်တာလူကတစ်ကိုယ်လုံးကိုနံစော်နေတာဘဲ

ရေမိုးချိုးပြီးအဝတ်စားလဲကာအကိုပြန်လာမှာကိုသာစောင့်နေတော့တယ် တစ်ခါတစ်လေအကိုကညကျမှပြန်လာတက်တယ်

သူလည်းTVလေးကြည့်ရင်းအကို့ကိုစောင့်နေလိုက်တယ် နေလုံးကြီးဟာတိမ်တွေထဲဝင်သွားပြီးကောင်းကင်ဟာတဖြည်းဖြည်းနဲ့အမှောင်ရိပ်ဖုံးလွှမ်းသွားတော့တယ်

လကွယ်ညဖြစ်တာကြောင့်ကောင်းကင်တစ်ခုလုံးမှောင်မဲနေတယ် လကွယ်ညတွေမှာလူတွေသေတက်ကြတာကြောင့်ထိုညတွေဆိုဘယ်သူမှအပြင်မထွက်ကြဘူး

သူတစ်ယောက်ထဲအိမ်မှာရှိတာကြောင့်နည်းနည်းတော့ကြောက်မိတယ် အကိုကလည်းပြန်မလာသေးဘူးလေ TVကြည့်နေတုန်းရုတ်တရက်မီးပျက်သွားတာကြောင့်တစ်အိမ်လုံးအမှောင်အတိ

ဖယောင်းတိုင်ထွန်းဖို့ဖယောင်းတိုင်ရှာတော့လည်းမတွေ့ မီးဖိုချောင် သူ့အိပ်ခန်း TVစင် ရေခဲသေတ္တာပေါ် အကုန်ရှာပေမယ့်မတွေ့ အောက်ထပ်တစ်ခုလုံးလည်းနှံ့နေပြီ  အေးလေ မှောင်မှောင်မဲမဲထဲစမ်းတဝါးဝါးရှာနေရတာကို

MidnightWhere stories live. Discover now